နိုင်ဂျီးရီးယားရှိ ဘာသာရေးအဆောက်အအုံတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွား၊ လူ ၂၇ ဦးထက်မနည်းသေဆုံး၊ ၉၆ ဦး ဒဏ်ရာရ


နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း အဒါမာဝါ ပြည်နယ်မြို့တော် ရိုလာတွင် ယမန်နေ့က ဘာသာရေး အဆောက်အအုံတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၂၇ ဦးထက် မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၉၆ ဦးရှိကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။

နိုင်ဂျီးရီးယား အမျိုးသားအရေးပေါ်စီမံခန့်ခွဲမှု အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူက အဆိုပါသတင်းကို ဆင်ဟွာသတင်းဌာနသို့ ဖုန်းဆက်အတည်ပြုပြောကြားခဲ့သည်။ ထိခိုက်ဒဏ်ရာရသူများအား ရိုလာမြို့ရှိ ပြည်နယ် ဆေးရုံနှင့် အထူးကုဆေးရုံ ဂျီမီတာသို့ ပို့ဆောင်ကုသမှု ခံယူစေခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဒါမာဝါပြည်နယ်၌ အိမ်နီးချင်း ဘော်နိုပြည်နယ်တွင် အောက်တိုဘာ ၂၃ ရက်က ဘာသာရေးအဆောက်အအုံ၌ လူအသေအပျောက်များပြားသည့် ဗုံးဖောက်ခွဲတိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားပြီး ၁၂ နာရီအကြာတွင် ရိုလာမြို့၌ ပေါက်ကွဲမှုတစ်ရပ် ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းဒေသတွင် ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထား၍ အသေခံ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုများ လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်းက မကြာခဏဖြစ်ပွားခဲ့ပြီး ယင်းဖောက်ခွဲတိုက်ခိုက် မှုများမှာ ဘိုကိုဟာရမ်စစ်သွေးကြွများက ပြုလုပ်ခြင်းဖြစ်ကြောင်း ပြစ်တင်ပြောကြားမှုများ ရှိခဲ့သည်။

ဆင်ဟွာ
Previous
Next Post »
Powered by Blogger.