ဗြိတိသျှလေကြောင်းလိုင်းမှ လန်ဒန်နဲ့ နယူးရော့ခ် ခရီးစဉ်ပြေးဆွဲနေတဲ့ Boeing 747 လေယာဉ်တွေပေါ် စီးပွားရေးနဲ့ အထက်တန်းစား စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ထိုင်ခုံဒီဇိုင်း အသစ်တစ်မျိုး မိတ်ဆက်ပြသခဲ့ပါတယ်။
ယင်းလေယာဉ်တွေမှာ Airbus A380 နဲ့ 787 Dreamliner ကထိုင်ခုံတွေနဲ့ ဆင်တူတဲ့ ထိုင်ခုံကာဗာအသစ်နဲ့အတူ ပိုပြီးသက်တောင့်သက်သာရှိတဲ့ ပျော့အိနေတဲ့ ထိုင်ခုံတွေ တပ်ဆင်ထားပါတယ်။
တက်ဘလက်စတိုင် touch screen တွေနဲ့ ထိန်းချုပ်ထားတဲ့ အဆင့်မြင့်ဆုံး လေယာဉ်တွင်း ဖျော်ဖြေအပန်းဖြေ စနစ်ဖြစ်တဲ့ Panasonic Avionic’s eX3 စနစ် တပ်ဆင်ထားပါတယ်။
ခရီးသည်တွေကို ရုပ်ရှင်ဇာတ်ကားပေါင်း ၁၃၀ နဲ့ TV show ၄၀ ကျော် အပါအဝင် နာရီပေါင်း ၁,၃၀၀ ထက်မက ဖျော်ဖြေမှုပေးမှာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ယင်းနည်းစနစ်များရဲ့ ပေါ့ပေါ့ပါးပါး ဒီဇိုင်းဟာ လေယာဉ်လောင်စာလျှော့ချ သုံးစွဲဖို့ ရည်ရွယ်ဖန်တီးထားတာပါ။
ယင်း BA အထူးတန်းထိုင်ခုံမှာ ထိုင်တဲ့ခရီးသည်တွေဟာ ယူကေ၊ အမေရိကနဲ့ ဥရောပနိုင်ငံတွေဆီက ပလပ်တွေကြောင့် နိုင်ငံတကာနဲ့ ချိတ်ဆက် ဆက်သွယ်ခွင့် ရရှိမှာဖြစ်ပါတယ်။
ခရီးသည် အတွေအနေနဲ့ မိမိထိုင်ခုံ၌တင် USB အားသွင်းပေါက် အသင့်ရနေမှာ ဖြစ်ပါတယ်။
ဒီအဆင့်မြင့် မွမ်းမံထားတဲ့ လေယာဉ်ကို Chicago, Lagos in Nigeria, Dubai, Boston, Riyadh နဲ့ Kuwait သို့ ပျံသန်းတဲ့ လေယာဉ်ခရီးစဉ်တွေမှာလည်း ၂၀၁၆ နွေရာသီအတွင်း ထပ်မံဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon