ဘယ်လူနာအလွယ်ဆုံးလဲ???


ဒေါက်ာတာအေးချို၊ ဒေါက်တာ ဘုန်းကျော်၊ နှင့် ဒေါက်တာမာတောက် တို့သည်
ဆေးရုံတစ်ခုတည်းတွင် တာဝန်ကျနေကြသည့် ခွဲစိပ် ဆရာဝန်များဖြစ်ကြသည်။
သူတို့သုံးယောက် လဘက်ရည်ဆိုင် တွင် အတူထိုင်ရင်း တစ်ယောက်နှင့်တစ်ယောက်
မည်သည့်လူနာက ခွဲစိပ် ကုသရ လွယ်ကူသည့်အကြောင်း ဆွေးနွေးနေကြသည်။

ဒေါက်တာအေးချို က အရင် ပြောသည်။

“ငါကတော့ လူနာက စာကြည့်တိုက်မှူးဆို ပိုကြိုက်တယ်။ သူတို့အတွင်းကလီစာတွေက

အက္ခရာစဉ်လိုက်စီထားတာလေ။ အဟဲ . . . ရှာရဖွေရ . . တယ်လွယ်သကိုးကွ . . ဟဲဟဲ”

နောက် ဒေါက်တာ ဘုန်းကျော်က ဆက်ပြောသည်။

“ငါတော့ . . သင်္ချာသမားကို ပိုကြိုက်တယ်။ သူတို့ရဲ့ အတွင်းကလီစာတွေက

လေဘယ်နံပါတ်ကလေးတွေ ထိုးထားတယ်ဟ . . ရှာရဖွေရ မှတ်ရသားရတာ
လွယ်မှလွယ် . .”

နောက်ဆုံး ဒေါက်တာ မာတောက် က ပြောသည်။

“မင်းတို့ ၀န်ကြီး လူနာတွေ မတွေ့ဘူးသေးလို့ပါကွာ . . သူတို့မှာ နှလုံးသား မရှိဘူး၊

ဦးဏှောက်မရှိဘူး၊ ၊ ဒီပြင် . . ကလီစာ ဆိုလို့ ဗိုက်ထဲမှာ
ဘာတစ်ခုမှ အပိုမရှိဘူး။ အဲ . . တစ်ခုပဲမှတ်စရာလိုတယ်။ ဗိုက်ထဲခွဲကြည့်ရင် အစာအိမ်နဲ့

အူလမ်းကြောင်းတစ်ခုထဲရှိတယ်။ ကဲ . . ဒီလောက် ကုရလွယ်တာ ဘာရှိသေးလဲ . .

ဖြစ်စရာ ရောဂါဆိုလို့ အစားမှားတာနဲ့ အစားများတာ တစ်ခုပဲရှိတယ်။
ကုရတာ လွယ်မှ လွယ်ပဲ . . အဟဲ . .”

3ာမ် . . .

Credit: Khin Zaw Oo
Previous
Next Post »
Powered by Blogger.