ဧရာဝတီ မြစ်အလယ်ပိုင်းဖြစ်သည့် ညောင်ဦး နှင့် ပခုက္ကူတို့တွင် ရေပြန်လည် တက်လာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒပညာရှင်ဒေါက်တာ ထွန်းလွင်က စက်တင်ဘာ ၇ရက် တွင် သတိပေးပြောကြားလိုက်သည်။
ဧရာဝတီမြစ်ရေသည် နောက် (၂)ရက်ခန့်တွင် ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့၏ စိုးရိမ်ရေမှတ် များသို့ ရောက်ရှိလာနိုင်ကြောင်း၊ ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ်သည် ၂၁၅၀ စင်တီမီတာနှင့် ညောင်တုန်း မြို့၏စိုးရိမ်ရေမှတ်သည် ၂၁၂၀ စင် တီမီတာဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စက်တင် ဘာ ၇ရက်နေ့ ထုတ်ပြန် သည့် မြစ်ရေခန့်မှန်းချက်ဇယား အရ သိရသည်။
ယင်းနှင့်ပတ်သက်ပြီး မိုးလေ ဝသနှင့် ဇလဗေဒပညာရှင်ဒေါက်တာထွန်း လွင်က ''ဧရာဝတီမြစ်အ လယ်ပိုင်းညောင်ဦးနဲ့ ပခုက္ကူမှာရေ တွေ ပြန် တက်လာပါဦးမယ်။ငဝန်မြစ် ရေကတော့ ငါးသိုင်းချောင်းဘက် မှာ ဆက်လက်မတက်နိုင်တော့ပေ မယ့် စိုးရိမ်ရေမှတ်အထက်မှာဆက် လက်တည်ရှိနေဦးမယ်''ဟုပြောသည်။
စက်တင်ဘာ ရ ရက်နေ့ မြစ်ရေ တိုင်းတာချက်အခြေအနေများမှာ ချင်းတွင်းမြစ်ရေသည် ကလေးဝမြို့ တွင် ခုနစ်ပေခွဲခန့်၊ မင်းကင်းမြို့ တွင် ခြောက်ပေခန့်၊ မုံရွာမြို့တွင် (၂)ပေခွဲခန့် ၊ ဟုမ္မလင်းတွင် လေးပေခွဲ ခန့်၊ ဖောင်းပြင်တွင်ခြောက်ပေခွဲခန့်၊ နှင့် မော်လိုက်တွင် ကိုးပေခွဲခန့်ထိ ရှိပြီး ယင်းမြို့တို့၏ စိုးရိမ်ရေမှတ်များ ထက် ကျော်လွန်နေကာနောက်ထပ် တစ်ရက်၊ နှစ်ရက်ခန့်အထိ ဆက် လက်တည်ရှိနေနိုင်ကြောင်း၊ မြေနိမ့် ပိုင်းနှင့်မြစ်ကမ်းနားတွင်နေထိုင်သူ များအနေဖြင့် ရေဘေးလွတ်ရာနေ ရာများသို့ ရှောင်းရှားသင့်ကြောင်း သတိပေးထုတ်ပြန်ထားသည်။
''ချင်းတွင်းမြစ်က မုံရွာကို ရောက်နေပြီးတော့ ဧရာဝတီနဲ့ပေါင်း သွားရင် ပခုက္ကူဘက်တွေ၊ ညောင် ဦးမှာ စိုးရိမ်ရေမှတ်အထက် ရောက် လာနိုင်တယ်။ ပြီးရင် ဧရာဝတီ အောက်ဘက် ရောက်လာတဲ့အခါ ဟင်္သာတနဲ့ ဇလွန် ဘက်တွေကို ရောက် လာနိုင်တဲ့အနေအထားမှာ ရှိတယ်။ဧရာဝတီမြစ် အလယ်ပိုင်းမှာမြစ်ရေ တိုးလာနိုင်ပြီးရင် ဧရာဝတီမြစ်အောက် ပိုင်းတွေက ဆက်လက်ပြီးတော့သတိ ထားရမယ်''ဟုမြစ်ရေတိုင်းတာဌာန မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းအပြင် ငဝန်မြစ်ရေသည် လည်း ငါးသိုင်းချောင်းမြို့၏ စိုးရိမ် ရေ မှတ်အထက်တွင် နောက်ထပ်သုံး ရက်ခန့် ဆက်လက်တည်ရှိနေ နိုင် ခြင်းကြောင့် မြစ်ကမ်းဘေးနှင့်မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုသင့်ကြောင်း သတိပေး ချက်များထုတ်ပြန်ထားကြောင်း သိရ သည်။
Democracytoday
Sign up here with your email
ConversionConversion EmoticonEmoticon