ချဲ့ထွင်ထားသည့် လမ်းပလက်ဖောင်းများပေါ်တွင် ဈေးရောင်းချနေမှုအပေါ် စည်ပင်အနေဖြင့် အရေးယူမှုအားနည်းဟု ပြည်သူများဝေဖန်
ရန်ကုန်မြို့ တွင်ယာဉ်ကြောပိတ်ဆို့မှုများလျော့ နည်းစေရန်အတွက် စည်ပင်မှလမ်း များချဲ့နေသော်လည်း အဆိုပါချဲ့ သော လမ်းများပေါ်တွင် လမ်းဘေးဈေး သည်များဈေးရောင်းချနေမှုများအ ပေါ် စည်ပင်အနေဖြင့် အရေးယူမှု အားနည်းလျက်ရှိနေဆဲဖြစ်သည်ကို ပြည်သူများက ဝေဖန်ပြောဆိုလျက်ရှိ နေကြသည်။
ယင်းနှင့်ပတ်သက်ပြီး ဗိုလ်တ ထောင်မြို့နယ်တွင် နေထိုင်သူတစ် ဦးက''စည်ပင်က မြို့တွင်းမြို့နယ်တွေ၊ မြို့တွင်းဆက်စပ်မြို့နယ်နဲ့ဆင်ခြေ ဖုံးမြို့နယ်တွေမှာ ယာဉ်ကြောပိတ် ဆို့မှုတွေလျော့နည်းအောင်လမ်း တွေချဲ့နေပေမယ့် အဲဒီချဲ့တဲ့လမ်းတွေ ပေါ်မှာ ရောင်းချနေတဲ့လမ်းဘေး ဈေးသည်တွေကို စည်ပင်အနေနဲ့ အရေးယူမှုအားနည်းနေတယ်။ လမ်း ဘေးဈေးသည်တွေ အခုလိုစည်း ကမ်းမဲ့ဈေးရောင်းချနေတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်နေတာ ပါ။ တကယ်ဆို အဲဒီလိုရောင်းချ နေတဲ့လမ်းဘေး ဈေးသည်တွေကို ထိရောက်တဲ့ အရေးယူမှုတွေလုပ် မယ်ဆိုရင် ဈေးသည်တွေလဲ မရောင်း ချရဲတော့ပါဘူး။ ခုကအဲဒီလမ်းဘေး ဈေးသည်တွေဆီက စည်ပင်ကဈေး ကောက်ရနေလို့ရောင်းဆိုတဲ့ပုံစံမျိုး တွေဖြစ်နေတယ်''ဟုပြောသည်။
ယခုလက်ရှိတွင် ရန်ကုန်မြို့ တွင်းမြို့နယ်များတွင် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ မှ လမ်းများချဲ့ထားသော်လည်း လမ်း ဘေးဈေးသည်များမှာ ပလက်ဖောင်း များပေါ်တွင်သာမက အဆိုပါလမ်း ချဲ့ထားသောနေရာများတွင်ပါ ဈေး များရောင်းချလျက်ရှိသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများမှာ တစ် နေ့ထက်တစ်နေ့ ပိုမိုဖြစ်ပေါ်လျက် ရှိနေကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သည့်ပြည်သူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က''မင်္ဂလာတောင်ညွန့်မြို့ နယ်မှာယာဉ်ကြောပိတ်ဆို့မှုကို ဖြေ ရှင်းဖို့အတွက် စည်ပင်ကလမ်းတွေ ချဲ့ပေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေ ရဲ့ကားလေးငါးစီးအထက်ကို အဲဒီ ချဲ့ထားတဲ့လမ်းမပေါ်မှာ ရပ်နားထား ကြတယ်။ လမ်းဘေးဈေးသည်တွေ ကလဲအဲဒီချဲ့တဲ့လမ်းမတွေပေါ်မှာ အပြိုင်အဆိုင်ဈေးရောင်းချနေကြ တယ်။ အဲဒီလိုလူတွေကို စည်ပင်အ နေနဲ့ထိရောက်စွာအရေးယူသင့်ပါ တယ်။ တစ်ဖက်ကပြုပြင်မှုတွေလုပ် နေပေမယ့် ထိရောက်စွာအရေးယူမှု တွေမလုပ်နိုင်ဘူးဆိုရင်လမ်းတွေချဲ့ လဲဘာမှထူးမှာမဟုတ်ပါဘူး''ဟု ပြော သည်။
ယခုအခါ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီအနေ ဖြင့် လမ်းဘေးဈေးသည်များကိုဈေး ရောင်းချရန်အတွက် သက်ဆိုင်ရာ နေရာတချို့တွင်အချိန်ဖြင့် ကန့် သတ်ကာ ရောင်းချခွင့်ကိုပြုထား သော်လည်း အချို့ဈေးသည်များမှာ ယင်းသတ်မှတ်ချိန်မတိုင်မီကပင် ရောင်းချမှုများလည်းရှိနေကြောင်း သိရသည်။
''ဈေးမရောင်းရတဲ့နေရာတွေ မှာ ဈေးသည်တွေအနေနဲ့ဈေး ရောင်းတာတွေ့ရှိရင်ဖမ်းတယ်။တ ရားစွဲအရေးယူပြီး ဒဏ်ငွေဆောင် ခိုင်းပါတယ်။ လမ်းဘေးဈေးသည် တွေကိုတော့ ညနေ ၃ နာရီကနေ ည ၉ နာရီထိ ဈေးရောင်းခွင့်ပေးပါ တယ်''ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီစီမံရေးရာဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်မြို့တွင် ယခုလက်ရှိ ကြုံတွေ့နေရသည့် ယာဉ်ကြောပိတ် ဆို့မှုပြဿနာကို ခုံးကျော်တံတား များ၊ လမ်းများချဲ့၍ လုပ်ဆောင် လျက်ရှိသော်လည်း ဈေးသည်များ မှာလမ်းမများပေါ်ထိ ရောင်းချလျက် ရှိရာ ထိုလမ်းဘေးဈေးသည်များကို ထိရောက်စွာအရေးယူမှုများမလုပ် ဆောင်လျှင် ယာဉ်ကြောပိတ်ဆို့မှုများ မှာလည်းလျော့နည်းသွားမည်မဟုတ် ကြောင်း ပြည်သူများက ဝေဖန်ပြော ဆိုလျက်ရှိနေကြသည်။
ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ကော်မတီဝင် (၇)ဦးခင်လှိုင်(ဇောတိက)က''အခု လက်ရှိအနေအထားကတော့ နှစ် ပိုင်းဖြစ်နေပါတယ်။ ကားတွေကို တင်သွင်းတဲ့အခါတုန်းက အစိုးရရဲ့ ပေါ်လစီမှားခဲ့တာဖြစ်တဲ့အတွက် သူတို့ရဲ့လမ်းလမ်းတွေက အဆင် သင့်မဖြစ်သေးဘဲ ကားတွေကို သွင်းလို့ တော့ အခုပြဿနာတွေကဖြစ် တော့တာပဲ။ ပြဿနာတက်တာ ဖြစ်တဲ့အတွက် အခုတောက်လျှောက် လမ်းတွေချဲ့တယ်။ ကားခုံးကျော်တံ တားတွေလုပ်တဲ့ အခါကျတော့ လုပ် ရမယ့်အလုပ်ကို အရင်မလုပ်ခဲ့တာ ဖြစ်တဲ့အတွက် အခုလိုပြဿနာတွေ ကြုံတွေ့ရတာပါ။
အဲဒါနဲ့ပတ်သက် ပြီးတော့ လမ်းဘေးဈေးသည်တွေ ကိုစီမံချက်တွေ၊ အတိုင်းအတာ တွေတော့ရှိပါတယ်။ လမ်းဘေး ဈေးသည်တွေကို ကိုင်တွယ်တဲ့အခါ ကျတော့ ထိလွယ်ရှလွယ်တွေအ ရမ်းဖြစ်တယ်။ လမ်းဘေးဈေးသည် တွေကလဲမပြေလည်လို့ဈေးရောင်း ကြတာလေ။ အဲဒီအပေါ်မှာ သူ့စား ဝတ်နေရေးအတွက် သူလုပ်တာဖြစ် တဲ့အတွက် ကျွန်တော်တို့ကလော လောဆယ်တော့ ဖယ်ရှားဖို့မရှိသေး ပါဘူး။ စည်းကမ်းထိန်းသိမ်းမယ်။သင့်လျော်တဲ့နေရာကို ပေးမယ်ဒါ ကို ကျွန်တော်တို့ ဆောင်ရွက်နေပါ တယ်။ ကျွန်တော်တို့စည်ပင်အနေ နဲ့ကလဲ မြို့တွင်းခြောက်မြို့နယ်အ စီအစဉ်မှာဆိုရင် ညနေ ၃ နာရီ ကနေည ၉ နာရီထိရောင်းချခွင့် ပေးတယ်။
အဲဒီသတ်မှတ်ထားတဲ့ အချိန်ကိုဖောက်ရင် ဖမ်းတယ်။ ဖမ်းတဲ့ဆီးတဲ့အခါကျရင် လမ်းဘေး ဈေးသည်တွေနဲ့ စည်ပင်ဝန်ထမ်း တွေ ရိုက်ပွဲတွေတောင် ဖြစ်ပါ တယ်။ ကျွန်တော်တို့ကတော့ အ ခုလက်ရှိလမ်းဘေးဈေးသည်တွေ ကိုသတိထားပြီး ဆောင်ရွက်နေပါ တယ်။ အခုလက်ရှိ လမ်းချဲ့တာ တွေကို ချဲ့ကိုချဲ့ရပါမယ်။ ကျွန်တော် တို့နိုင်ငံကအခုမှ ဖွံ့ဖြိုးတိုးတက်ခါ စ၊ တည်ဆောက်ခါစဖြစ်တဲ့အတွက် ဒီဟာတွေ ကြောက်ပြီးတော့ လမ်းမ ချဲ့လို့လဲမရပါဘူး။ လမ်းကတော့ ချဲ့ စရာရှိတာချဲ့မှာပဲ။ လုပ်စရာရှိတာ လုပ်မှာပဲ။ ခုနကပြောတဲ့ လမ်းဘေး ဈေးသည်ကိစ္စကိုလဲ တစ်နည်းနည်း နဲ့ပြေပျောက်အောင် ဖြေရှင်းရပါ မယ်''ဟုပြောသည်။
ယခုအခါရန်ကုန်တိုင်းဒေသ ကြီးရှိမြို့နယ်အများစုတွင် လမ်းများ ကိုပိုမိုချဲ့ထွင်လာမှုနှင့်အတူ လမ်း အသုံးပြုသူများသွားလာရေးအဆင် ပြေစေရန်အတွက် ပလက်ဖောင်းများ ကိုပြန်လည်ဖော်ထုတ်တိုးချဲ့ပြုပြင် မှုများ ဆောင်ရွက်လာသော်လည်း အချို့နေရာများတွင် စည်းကမ်းမဲ့ ရပ်နားထားသည့်ကားများနှင့် ပလက် ဖောင်းတစ်လျှောက်တွင် နေရာဦး ကာဈေးရောင်းနေကြသည့် ဈေးသည် အချို့ကြောင့် ပြည်သူများမှာ လမ်း မများပေါ်တွင် သွားလာနေရမှုများ ကလည်း ယခင်ထက်ပိုမိုများပြား လာကြောင်း သိရသည်။
''လမ်းတွေချဲ့တာတွေ ပလက် ဖောင်းတွေကိုတိုးချဲ့ပြီး ဖောက်လုပ် တာတွေကိုနေရာတချို့မှာတွေ့ နေရပေမယ့် ဒီလိုမျိုးဖောက်လုပ် နေတဲ့ ပလက်ဖောင်းတွေဟာ လမ်း အသုံးပြုသူတွေအတွက် တကယ် ရော အသုံးဝင်နေလားဆိုတာကို မေးခွန်းထုတ်ရမယ့်အခြေအနေထိ ကို ဖြစ်နေပါပြီ။ ဘာဖြစ်လို့လဲဆို တော့ တချို့နေရာတွေမှာဆို ခြေ ကျင်လျှောက်ဖို့အတွက် ပလက်ဖောင်း ရှိတယ်။ ဒါပေမဲ့ အဲဒီပလက်ဖောင်းမှာ ဈေးဆိုင်တွေနဲ့ ရှုပ်ယှက်ခတ်နေ တော့ ဘယ်လိုမှသွားလို့မရတဲ့အ တွက်လမ်းဆင်းပြီးလျှောက်ရတယ်။လမ်းကလျှောက်ပြန်တော့လဲ လမ်း မတွေမှာ ကားတွေရပ်ထားတဲ့အ တွက်လမ်းလယ်ထိကိုဆင်းလျှောက် ရ တာတွေရှိနေတယ်။

ရန်ကုန်မှာ လမ်း အသုံးပြုသူတွေဟာ အဲဒီလိုမျိုး အလွန်အန္တရာယ်များတဲ့အနေအထား ကိုလမ်းအသုံးပြုတဲ့ပြည်သူတိုင်းကြုံ တွေ့နေရပါတယ်။ ဒါပေမဲ့ သက်ဆိုင် ရာကမှ ဒီလိုမှားယွင်းနေတဲ့စနစ် တွေကိုသေသေချာချာမပြုပြင်ကြ တာ။ ပြည်သူက ဘာပြောလို့ရမှာ လဲဆိုတော့ ရန်ကုန်မှာလမ်းအသုံး ပြုနေရတဲ့ ပြည်သူတစ်ဦးအနေနဲ့ အဲဒီလိုလမ်းလယ်ထိ ဆင်းလျှောက် ရတဲ့အခါမှာဆိုရင် အလွန့်အလွန်ကို သတိထားပြီး လျှောက်နေကြရ တယ်''ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သည့် ကုမ္ပဏီဝန်ထမ်းဖြစ် သူကိုမင်းဇော်က ဝေဖန်ပြောကြား လိုက်သည်။
DemocracyToday
ရန်ကုန်မြို့လယ်တစ်နေရာရှိ လမ်းဘေးဈေးသည်များတွေ့ရစဉ်။ဓာတ်ပုံ-ရဲနောင်(ဖယ်ခုံ)
DemocracyToday
ရန်ကုန်မြို့လယ်တစ်နေရာရှိ လမ်းဘေးဈေးသည်များတွေ့ရစဉ်။ဓာတ်ပုံ-ရဲနောင်(ဖယ်ခုံ)
Sign up here with your email
ConversionConversion EmoticonEmoticon