လောင်းကစားရုံ ထောင်မှုကြောင့် အင်တာနက် နာမည်ကြီးအမျိုးသမီး ထောင် ၅ နှစ်ကျ




(ဓာတ်ပုံ - CCTVNews)
တရုတ်နိုင်ငံက အင်တာနက်ပေါ်မှာ လူသိများထင်ရှားတဲ့ အမျိုးသမီး ဂေါင်မီးမီးက တရားမ၀င် လောင်းကစားဝိုင်းထောင်တဲ့ အတွက် ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်ခံရပါတယ်။

စက်တင်ဘာ ၁၀ ရက် ဘီဂျင်းဒေါင်ချန် လူထု တရားရုံးက ထောင်ဒဏ်နဲ့ အတူ ဒဏ်ငွေယွမ် ၅ သောင်းကို ချမှတ်လိုက်ပါတယ်။

ဒါ့အပြင် သူရဲ့ သူငယ်ချင်း ဇောင်ဇီအိုလိုင်းကို ၂ နှစ်နဲ့ ယွမ် ၂ သောင်း ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
၂၀၁၁ ခုနှစ်က အသက် ၂၄ နှစ် ဂေါင်ဟာ တရုတ် လူမှုရေး ကွန်ရက်ပေါ်မှာ သူရဲ့ ခမ်းနားကြီးကျယ်တဲ့ နေထိုင်မှု ဓာတ်ပုံတွေကို တင်ခဲ့ပြီး နာမည်ကြီးလာတာ ဖြစ်ပါတယ်။

ဇိမ်ခံကား၊ လက်ကိုင်အိတ်တွေကို တင်ခဲ့ပြီး သူက တရုတ် ကြက်ခြေနီအသင်းမှာ အရောင်းမန်နေဂျာ အဖြစ် ဆောင်ရွက်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီပုံတွေကြောင့် အလှူငွေတွေကို အလွဲသုံးစားလုပ်တဲ့လို့ ထင်မြင်ယူဆတဲ့ လူတွေက ဒေါသထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဖွဲ့က သူနဲ့ အချိတ်အဆက်မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

နောက်ပိုင်း ဂေါင်ကို ၂၀၁၄ ခုနှစ် ဇူလိုင်မှာ အင်တာနက်မှာ လောင်းကစားမှုကြောင့် ရဲက ဖမ်းဆီးခဲ့ပါတယ်။

ဒီနောက် သူက အမှားအတွက် တောင်းပန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို တရုတ်နာမည်ကြီးသတင်းဌာနတွေမှာ ဖော်ပြခဲ့ပါတယ်။

DVB

Previous
Next Post »
Powered by Blogger.