မော်ရိုကို နိုင်ငံ ရတ်ဘတ်ကမ်းခြေမှာ ဒါဇင်နဲ့ချီတဲ့ မော်ရိုကို နိုင်ငံသားတွေက အရင်တပတ် တူရကီကမ်းခြေမှာ သေဆုံးသွားတဲ့ လမ်းလျှောက်တတ်စ ဆီးရီးယားဒုက္ခသည် ကလေးငယ်ကို ချီးမြှောက် ဂုဏ်ပြုခဲ့ပါတယ်။
လူ ၃၀ နီးပါးက ကလေးငယ်သေဆုံးနေတဲ့ နှလုံးကြေကွဲဖွယ်ရာပုံကို ပြန်လည်ပုံဖော် လုပ်ဆောင်ခဲ့ကြပါတယ်။
စစ်ကြောင့် ဆီးရီးယားကနေ ထွက်ပြေးလာတဲ့ အသက် ၃ နှစ် ကလေးငယ်လေး အိုင်လန်ကာဒီက တူရကီကမ်းခြေမှာ သောင်ပြင်ကို မျက်နှာအပ်ပြီး သေဆုံးနေတဲ့ ဓာတ်ပုံဟာ ကမ္ဘာတ၀န်း ပျံ့နှံ့ခဲ့ပါတယ်။
ဒီဓာတ်ပုံကြောင့် ဆီးရီးယား ဒုက္ခသည်အရေး နိုင်ငံတကာမှာ ပိုမိုကျယ်လောင်သွားစေပါတယ်။
ဆီးရီးယားစစ်ပွဲကြောင့် ဂရိကို ရေကြောင်းခရီးစဉ်ကနေ တဆင့် ထွက်ပြေးလာတဲ့ ကလေးငယ်ဟာ ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
လူ ၄ သန်းနီးပါး ဆီးရီးယားကနေ ထွက်ပြေးပြီး တခြားနိုင်ငံတွေမှာ ခိုလှုံခွင့်တောင်းခံနေတယ်လို့ သတင်းတွေက ရေးပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon