နိုင်ငံနှင့် နိုင်ငံသား အကျိုးစီးပွားဖြစ်ထွန်းရန်ဆိုလျှင် မည့်သည့်တံဆိပ် ကပ်ထားသည့်အဖွဲ့အစည်းမဆို ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဖြူးမြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
စက်တင်ဘာ ၁၁ရက်က ဖြူးမြို့နယ် တွင်ပြုလုပ်သော မဲဆွယ်စည်းရုံးရေးခရီးစဉ်တွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
သူရဦးရွှေမန်းက ''ပါတီဆိုတာထက် နိုင်ငံနဲ့နိုင်ငံသားအကျိုးကို ဆောင်ရွက်ပေးမယ်။ ဘယ်တံဆိပ်ပဲထပ်ထားတပ်ထား နိုင်ငံနဲ့နိုင်ငံသား အတွက် မဆောင်ရွက်နိုင်တဲ့ပုဂ္ဂိုလ်မျိုးဟာ ဘယ် လို ပုဂ္ဂိုလ်မျိုးဖြစ်မယ်ဆိုတာကို စဉ်းစားပါ။ ကျွန် တော့်အနေနဲ့ကတော့ အမှန်တကယ်ဆောင်ရွက် သွားမှာပါ။ နိုင်ငံနဲ့နိုင်ငံသား အကျိုးဖြစ်ထွန်းမယ် ဆို မည့်သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့အစည်းမဆို ပူးပေါင်းဆောင်ရွက်သွားပါမယ်။ ဒါကြောင့် ပြော တဲ့အကြောင်းအရာများကို လက်ခံရင် ဝိုင်းဝန်း အားပေးစေလိုပါတယ်''ဟုပြောကြားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် သူရ ဦးရွှေမန်းအနေဖြင့် လက်ရှိအချိန်တွင် အတိုက် အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသို့ ကူးပြောင်းသွားရန်ရှိသည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်နေသူတစ်ဦးဖြစ်သည်။
သူရဦးရွှေမန်းသည် ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲက ဇေယျာသီရိမဲဆန္ဒနယ်မှ ဝင် ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သူဖြစ်ပြီး လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေ သူတစ်ဦးဖြစ်သည်။
ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်မိ သားစုတချို့က လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှ ရုပ်သိမ်းပေးရန် တောင်းဆိုခံထားရသူ ဖြစ်သ ကဲ့သို့ သြဂုတ် ၁၂ရက်ကလည်း ပြိုင်ဘက်ပါတီ များနှင့် ပူးပေါင်းမှုရှိခြင်းကြောင့်ဟုဆိုကာ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားခံထားရသည်။
စိုးမြင့်နိုင် - FlowerNewsJournal
Sign up here with your email
ConversionConversion EmoticonEmoticon