ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်တွင် ၁၁နှစ်အရွယ် လေး တန်းကျောင်းသူအား ခင်မင်ရင်းနှီးသူအ မျိုးသားတစ်ဦးက မုန့်ဝယ်ကျွေးမည်ဟုဆို ကာ သားမယားပြုကျင့်ခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး မှုခင်းတပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၅ရက် က ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် ရွှေ နှင်းဆီလမ်းတွင်နေထိုင်ပြီး ကျပန်းလုပ်ကိုင် သူ ဒေါ်ဌေးဌေးသည် ၄င်းအလုပ်၌ရှိနေစဉ် နေ့လယ်ပိုင်းတွင် ခင်ပွန်းဖြစ်သူ ဦးမျိုးမြင့်ဇော်က ဖုန်းဆက်ပြီး ၄င်း၏တူမဖြစ်သူ ၁၁ နှစ် အရွယ်လေးတန်းကျောင်းသူ မ....မှာ မွန်းလွဲ ၁၂ နာရီခန့်တွင် ဆီးကျင်၍ ဆီး သွားစဉ် သွေးပါနေကြောင်း ပြောဆိုခဲ့သ ဖြင့် ဒေါ်ဌေးဌေးက ည ၉ နာရီခန့်တွင် ဆေးဆိုင်မှဆေးဝယ်တိုက်ခဲ့ကြောင်း၊ နောက်နေ့ အိမ် မျက်စောင်းထိုးမှ မသင်းသင်းဦးထံ အကူအညီတောင်းခံခဲ့ပြီး မသင်းသင်းဦးက တူမ ဖြစ်သူ မ....အားဆေးလူးပေးပြီး စစ်ဆေးကြည့်ရာ ၄င်း၏မအင်္ဂါမှာ ရောင်ရမ်း လျက်တွေ့ရှိရကြောင်း ပြန်လည်ပြောပြသ ဖြင့် ဒေါ်ဌေးဌေးက ချော့မော့မေးမြန်းရာ မပြောဘဲ ခင်မင်ရင်းနှီးသူ မကြည်ကြည်ဝင်း ကမေးမြန်းရာ တစ်လမ်းကျော်တွင်နေထိုင် သူ ကုလား(ခ)ကိုဦး(ခ)အငယ်ကောင် ၂၁ နှစ်က စက်တင်ဘာ ၃ ရက်ညပိုင်း ၈ နာရီ ခန့် သူငယ်ချင်းများနှင့်ဆော့ကစားပြီး လူစု ကွဲသွားစဉ် မုန့်ဝယ်ကျွေးမည်ဟုပြောဆိုကာ ရွှေဖူးမျှော်လမ်းကမ်းနားတွင်ရပ်ထားသော Taxi ယာဉ်ဘေးမှောင်ရိပ်ကျသောနေရာ တွင် သားမယားအဖြစ်တစ်ကြိမ် ပြုကျင့်ခဲ့ သည်ဟုပြောပြကြောင်း သိရသည်။
ယင်းသို့ ၁၁နှစ်အရွယ် မ...အားသားမယားအဖြစ် ပြုကျင့်သူ ကုလား (ခ)ကိုဦး(ခ)အငယ်ကောင်အား အရေးယူ ပေးရန် ဒေါ်ဌေးဌေးက တရားလိုပြုတိုင် တန်း၍ ဒေါပုံမြို့နယ်ရဲစခန်း၌ (ပ) ၂၃၁/ ၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် စက်တင်ဘာ ၆ ရက်တွင်အမှုဖွင့်ပြီး ရဲ အုပ်ဝင်းကျော်က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မှုခင်းတပ် ဖွဲ့၏ ထုတ်ပြန်ချက်များအရ ၂ဝ၁၅ ခုနှစ် ရှစ်လတာကာလအတွင်း မုဒိမ်းမှု ၈၆မှု ဖြစ် ပွားကာ၂ဝ၁၄ခုနှစ် မုဒိမ်းမှုထက် ၁၂ မှု လျော့နည်းလာကြောင်း သတင်းထုတ်ပြန် ချက်များအရ သိရသည်။
ညီတူး - Flower News Journal
Sign up here with your email
ConversionConversion EmoticonEmoticon