မြန်မာနိုင်ငံ၏ စတုတ္ထမြောက်မိုဘိုင်းအော်ပရေတာအား စက်တင်ဘာလမကုန်မီ ထုတ်ပြန်ကြေညာ သွားမည်ဟုသိရသည်။
ပြီးခဲ့သည့်၂၄ရက်တွင် တင်ဒါ ဖိတ်ခေါ်ခြင်းအစီအစဉ်ပြီးဆုံးခဲ့ပြီး ပြည် တွင်းမှကုမ္ပဏီပေါင်း ၁၇ခုတင်ဒါစာရင်းပေး သွင်းခဲ့ကာ တင်ဒါအောင်မြင်သောပြည်တွင်း ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီလုပ်ငန်းစုအား ယခုလမကုန်မီတွင်ကြေညာသွားမည်ဟုသိ ရသည်။
ပြည်ပမိုဘိုင်းအော်ပရေတာများ ဖြစ်သော တယ်လီနောနှင့် အော်ရီဒူးတို့ဈေး ကွက်အတွင်းဝင်ရောက်ပြီး တစ်နှစ်အကြာ တွင် ယင်းသို့စတုတ္ထမြောက်နှင့် နောက်ဆုံး ဖြစ်သော မိုဘိုင်းအော်ပရေတာအား ကြေ ညာသွားမည်ဖြစ်သည်။
တင်ဒါတင်ထားသောကုမ္ပဏီ ၁၇ ခုအနေဖြင့် စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ရက်များတွင်ကျင်းပမည့် ဆက်သွယ်ရေး ကဏ္ဍရင်းနှီးမြှုပ်နှံမှုများနှင့် အကျိုးအမြတ် အခွင့်အလမ်းများဖော်ထုတ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ Myanmar Connect 2015 တွင် ဝင်ရောက်ဆွေးနွေးသွားကြမည်ဖြစ် သည်ဟု ယင်းပွဲကိုအဓိကထောက်ပံ့ပေးသည့် Capacity Media ကထုတ်ပြန်ထားသည်။
တင်ဒေါ်အောင်နိုင်မည့် ဆက် သွယ်ရေးအော်ပရေတာသည် Myanmar Connect 2015 တွင် MPT, Telenor. Ooredoo တို့နှင့်အတူပါဝင်တက်ရောက် မည်ဖြစ်ပြီး ၄င်းတို့၏ 3G ကွန်ရက်ငါးနှစ် တာကာလအတွင်းတွင် မြန်မာနိုင်ငံလူဦးရေ ၏ရာခိုင်နှုန်း ၉ဝအတွက်အထောက်အကူ ပြုရန်ကြိုးပမ်းပြိုင်ဆိုင်ကြမှာဖြစ်သည်ဟု Campana Group မှအမှုဆောင်အရာရှိ ချုပ် ဒေါက်တာမျိုးမြင့်အုန်းကပြော သည်။
နိုင်ငံတကာမိုဘိုင်းဆက်သွယ် ရေးပြိုင်ဆိုင်မှု ပထမနှစ်အတွင်း မြန်မာနိုင်ငံ လူဦးရေ၏ ၅၁သန်းကျော်တွင် မိုဘိုင်းကိုင် ဆောင်သူဦးရေ ၈၇ဒသမ ၄ရာခိုင်နှုန်း ကျော်အထိတိုးတက်ခဲ့ကြောင်းသိရသည်။
စိုးမြင့်နိုင် - FlowerNewsJournal
Sign up here with your email
ConversionConversion EmoticonEmoticon