မွေးကင်းစရင်သွေးကို နို့နဲ့ ဗော်ကာ မှားယွင်းတိုက်ကျွေးခဲ့သူတွေ


ကလေးတစ်ယောက်ကို ပြုစုစောင့်ရှာက်ရတာဟာ တကယ့်ကို မလွယ်ကူတဲ့အလုပ်တစ်ခုပါပဲ။ ဒါကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကောင်းဆုံးဖြစ်အောင် သားသမီးတွေကို ပြုစုစောင့်ရှောက်နေတဲ့ မိဘအားလုံးကို ဂုဏ်ပြုလေးစားပါတယ်။

သို့တိုင်အောင် မိဘတွေလည်း ကိုယ့်ရင်သွေးကို စောင့်ရှောက်တဲ့အခါ တစ်ခါတစ်ရံတော့ မရည်ရွယ်ပါဘဲ အလွဲလွဲအချော်ချော်တွေ ဖြစ်တတ်ပါတယ်။
မကြာသေးမီက အမေရိကန်က စုံတွဲတစ်တွဲက သူတို့ရဲ့ သီတင်းပတ်ခြောက်ပတ်ပဲ ရှိသေးတဲ့ မွေးကင်းစသမီးလေးအပေါ် မှားယွင်းပြီး ပြုမူခဲ့တဲ့ အပြုအမူက ဥပမာတစ်ခုဖြစ်လို့လာခဲ့ပါတယ်။

မိခင်လုပ်တဲ့သူက မီးဖိုချောင်ထဲဝင်လာကာ ဘူးတစ်ခုထဲကို သူ့ကလေးအတွက် နို့မှုန့်ဖျော်ဖို့ ရေထည့်ပြီး မီးဖိုချောင်ကနေ ခဏထွက်သွားခဲ့ပါတယ်။

အဲ့အချိန်မှာပဲ ဖခင်လုပ်သူက ရောက်ရှိလာပြီး ရေဘူးထဲကနေ ရေတွေကို သွန်ပစ်ပြီး ဗော်ကာတွေ ထည့်လိုက်ပါတယ်။ သူ့သူငယ်ချင်းအိမ်ကို သွားရင် အဲ့ပုလင်းကို ယူသွားမလို့ဆိုတဲ့ ရည်ရွယ်ချက်နဲပါတဲ့။

ဗော်ကာတွေထည့်လိုက်တဲ့ အဲ့ဘူးကို သူက သူနဲ့တစ်ပါတည်း အခန်းထဲက ယူထွက်သွားတာလည်း မဟုတ်သေးတော့၊ ပြဿနာက အဲ့ဒီမှာ စတော့တာပါပဲ။

သူကလည်း မီးဖိုချောင်ကနေ လူချည်းသက်သက် ခဏပြန်ထွက်သွားပါတယ်။
သူထွက်သွားပြီးမကြာမီမှာပဲ မိခင်လုပ်သူက အခန်းထဲ ရောက်လာကာ အဲ့ဒီ ဗော်ကာ ၂ အောင်စကို ရေလို့ထင်ပြီး နို့မှုန့်နဲ့ ရောဖျော်လိုက်ပါတော့တယ်။

အဲ့ဒီနောက် သီတင်းပတ်ခြောက်ပတ်သာ ရှိသေးတဲ့ သမီးလေးကို စုစုပေါင်း ၆၀ မီလီမီတာရှိတဲ့ အဲ့ဒီဗော်ကာနို့မှုန့်အရောကို တိုက်ကျွေးခဲ့ပါသတဲ့။

မကြာမီမှာပဲ ကလေးရဲ့ အမူအယာတွေ မူမမှန်တာကို တွေ့ရှိခဲ့တဲ့အခါ သူတို့နှစ်ယောက်ရဲ့ လွဲချော်မှားယွင်းမှုကို သဘောပေါက်ခဲ့ကြပြီး အချင်းများခဲ့ကြပါတော့တယ်။

သမီးငယ်လေးကို ဆေးရုံမှာ အချိန်မီကုသနိုင်ခဲ့တာကြောင့် အခုတော့ ပုံမှန်အတိုင်းဖြစ်သွားပေမယ့် ဖခင်လုပ်သူကတော့ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေတဲ့ အချင်းများမှုနဲ့ စွဲချက်တင်ခံခဲ့ရတယ်လို့ သိရပါတယ်။

Credit: Phothutaw
Previous
Next Post »
Powered by Blogger.