သြစတြေးလျနိုင်ငံ သိုးမွေးညှပ်တဲ့သူတွေက သိုးတကောင်ကနေ သိုးမွေး တွေ စံချိန်တင် ရယူနိုင်ခဲ့ပါတယ်။
သြစတြေးလျမြို့တော် ကင်ဘာရာ အပြင်ဘက်မှာ တွေ့ရတဲ့ ခရစ်လို့ အမည်ပေးထားတဲ့ သိုးဆီမှာ သိုးမွေးတွေ အမြောက်အမြား ပေါက်နေပြီး ညှပ်ယူနိုင်ခြင်း မရှိတဲ့အတွက် သူဟာ လမ်းလျှောက်ဖို့ ရုန်းကန်နေရသလို အသက်အန္တရာယ်လည်း စိုးရိမ်ရတဲ့ အခြေအနေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
သြစတြေးလျ တိရစ္ဆာန်များ ညှဉ်းပန်းနှိပ်စက်မှု ကာကွယ်ရေးအဖွဲ့ရဲ့ ဆက်သွယ်မှုနဲ့ သိုးမွေးညှပ်သမား အီရန် အီလ်ကန်က ဒီသိုးကို စိတ်ငြိမ်ဆေးတိုက်ပြီး စေတနာနဲ့ ညှပ်ပေးခဲ့တာ ဖြစ်ပါတယ်။
၁၈ လက်မထူပြီး ကီလို ၄၀ နီးပါးရှိတဲ့ သိုးမွေးတွေကို ၄၅ မိနစ်ကြာ ညှပ်ယူခဲ့ရပါတယ်။ အရင်ရက်ပိုင်းက နယူးဇီလန်က ၆ နှစ်နီးပါး အမွေးအရိတ်မခံတဲ့ သိုးထံကရတဲ့ သိုးမွေး ၂၇ ကီလိုထက် ပိုမိုများပြားနေပါတယ်။
သာမန် သြစတြေးလျ သိုးတွေဆီက သိုးမွေး ၅ ကီလိုလောက် ရရှိနိုင်ပြီး ညှပ်ဖို့အချိန် ၃ မိနစ်ပဲ ကြာမြင့်ပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon