၁. ဒေါသစိတ်ကိုနားလည်မှု
၁.၄ ဒေါသထွက်တဲ့အဖြစ်အပျက်တွေကို ရေးမှတ်ထားပါ
ကိုယ့်ခံစားချက်တွေကို ပိုနားလည်ဖို့၊ ဘာကြောင့် ဒေါသဖြစ်ရတယ်ဆိုတာ
သဘောပေါက်နိုင်ဖို့အတွက် ခံစားချက်တွေကို အသေးစိတ်ချရေးထားတာ ကောင်းပါတယ်။
ဒေါသထွက်စရာအဖြစ်အပျက် ဒါမှမဟုတ် အတွေ့အကြုံကို ရေးထားလိုက်ရင်
ကိုယ်ဘယ်လိုတုံ့ပြန်မိတာ ဘယ်လိုတွေးမိတာတွေကို နောက်ပိုင်းကျ ပြန်သိနိုင်ပါတယ်။
အဲဒီလိုပြန်သိခြင်းဟာ ဒေါသစိတ်ကို ကျော်လွှားနိုင်မယ့် အဓိကအချက်ပါပဲ။
အဲဒီလိုဖြစ်ဖို့အတွက် ဒေါသထွက်ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကို
ပြန်စဉ်းစားပြီး အောက်က မေးခွန်းလေးတွေကို ဖြေကြည့်လိုက်စေချင်ပါတယ်။
- ဒေါသဖြစ်စရာ ဒါမှမဟုတ် စိတ်ဖိအားဝင်မှုတွေ ဘာလို့ဖြစ်ရတာလဲ။
ဒေါသမဖြစ်ခင်မှာ စိတ်ဖိစီးမှုတွေရှိခဲ့လား။
- ဒေါသဖြစ်နေချိန်မှာ ဘယ်လိုတွေ တွေးခဲ့မိလဲ။
- သုညကနေ ၁၀၀ အထိ အဆင့်သတ်မှတ်ရင် ကိုယ့်ဒေါသက ဘယ်အဆင့်မှာရှိမလဲ။
- ဒေါသထွက်လို့ မဆိုင်သူတွေကို မဲဖူးလား။
- နှလုံးခုန်မြန်တာ၊ ခေါင်းကိုက်တာစတဲ့ လက္ခဏာတွေကို သတိပြုမိဖူးလား။
- ဒေါသဖြစ်လာရင် ဘယ်လိုတုံ့ပြန်မှုမျိုးဖြစ်လဲ။ အော်ဟစ်တာ၊ တစ်ယောက်ယောက်ကို တိုက်ခိုက်တာ၊
ပစ္စည်းတွေကိုဖျက်ဆီးပစ်တာတွေရှိလား။
- ဒေါသစိတ် ပြေသွားချိန်မှာ ဘယ်လိုခံစားရလဲ။
(ဆက်လက်ဖော်ပြပေးပါမည်)
ညီမင်းဟန်(ဆန္ဒကူး)
Sign up here with your email
ConversionConversion EmoticonEmoticon