ပျောက်ဆုံး လေယာဉ် MH 370 ရဲ့ အစိတ်အပိုင်းလို့ ယူဆနေတဲ့ အိန္ဒိယ သမုဒ္ဒရာမှာ တွေ့ရှိရတဲ့ အပိုင်းအစတွေကို စစ်ဆေးဖို့ ပြင်သစ်နိုင်ငံကို ဇူလိုင် ၃၁ ရက်က ပို့ဆောင်လိုက်ပါတယ်။
ဒီအစိတ်အပိုင်းဟာ လေယာဉ်ရဲ့ တောင်ပံလို့ ယူဆရပြီး တူးလိုစ်မှာရှိတဲ့ ကာကွယ်ရေး ဌာနကို စစ်ဆေးဖို့ သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။
မလေးရှားလေကြောင်းလိုင်းက အဖွဲ့တဖွဲ့ကလည်းရောက်ရှိနေပြီး စစ်ဆေးမှုတွေကို သြဂုတ် ၅ ရက်မှာ စတင်သွားမယ်လို့ ဆိုပါတယ်။
ကျွမ်းကျင်သူတွေကတော့ ၆ ပေရှည်တဲ့ ဒီအစိတ်အပိုင်းဟာ လေယာဉ်က ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေပါတယ်။
ဇူလိုင် ၂၉ ရက်က အိန္ဒိယသမုဒ္ဒရာအတွင်း တောင်အာဖရိကတိုက်အနီးက ပြင်သစ်ပိုင် ရီယူနီယံ ကျွန်းပေါ်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် မတ်လမှာ ကွာလာလမ်ပူ ဘီဂျင်းကို ထွက်ခွာသွားတဲ့ ခရီးသည် ၂၃၉ ဦးလိုက်ပါ ဘိုအင်း ၇၇၇ အမျိုးအစား မလေးရှားလေကြောင်းလိုင်းပိုင် လေယာဉ်ဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon