ဂျပန်စစ်တပ် လိင်ကျွန်ခိုင်းစေခဲ့မှု တောင်းပန်ရန် ၈၉ နှစ်အရွယ်အဘွားအို တောင်းဆို


ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်က လိင်ကျွန်အဖြစ် ခိုင်းစေတာကို ခံခဲ့ရတဲ့ တောင်ကိုရီးယား အဘွားအိုဟာ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာ ရှိတဲ့ ဂျပန်သံရုံးရှေ့ ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးဆီက တရားဝင် တောင်းပန်ဖို့ တောင်းဆိုခဲ့ပါတယ်။

အသက် ၈၉ နှစ်အရွယ် ကင်ဘွတ်ဒေါင်းဆိုတဲ့ အမယ်အိုဟာ ဇူလိုင် ၁ ရက်နေ့ ဆန္ဒပြပွဲမှာ ပူးပေါင်း ပါဝင်ဖို့အတွက် ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့က အမေရိကန်ပြည်ထောင်စုကို ရောက်သွားတာ ဖြစ်ပါတယ်။

ဝါရှင်တန်အခြေစိုက် လိင်ကျွန်အမျိုးသမီးများအရေး ဆောင်ရွက်တဲ့ ညွန်ပေါင်းအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဂျန်ဆေလီက အခုလို ဆန္ဒပြတဲ့ ရည်ရွယ်ချက်ဟာ ဂျပန်အစိုးရဆီက တရားဝင်တောင်းပန်တာကို တောင်းဆိုဖို့သက်သက် ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ သာမက တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်မှာ ၁၉၉၂ ခုနှစ်ကတည်းက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆန္ဒပြနေတာ ၁၈၅ ကြိမ် ရှိလာပါပြီ။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်ဟာ အမျိုးသမီး ၂ သိန်းလောက်ကို လိင်ကျွန်အဖြစ် ခိုင်းစေခဲ့ပြီး အများစုက ကိုရီးယားအမျိုးသမီးတွေ ဖြစ်ပါတယ်။

ဒီလို မတရားအနိုင်ကျင့်ခံရတဲ့ တောင်ကိုရီးယား အမျိုးသမီး ၂၃၈ ယောက်က တရားဝင် စာရင်းပေးခဲ့ကြပါတယ်။

အခုတော့ အသက်အရွယ်အရ သေဆုံးသွားပြီး ၄၉ ယောက်ပဲ ကျန်တော့တယ်လို့ ၀ါရှင်တန်ဒီစီက ဆန္ဒပြပွဲကို ဦးဆောင် စီစဉ်သူတွေက ပြောပါတယ်။

DVB
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.