ဇူလိုင် ၂ ရက် နံနက် ၆ နာရီက စစ်ကိုင်းမြို့ ကိုးပေတံတားပေါ်တွင် လမ်းဘေး၌ ရပ်ထားသော သုံးဘီး ဆိုင်ကယ်ကို ရှေ့ဘီးပေါက်သွားသော မော်တော်ယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိသဖြင့် သုံးဘီး ဆိုင်ကယ်ပေါ်မှ လူတစ်ဦး သေဆုံး သွားပြီး သုံးဘီးဆိုင်ကယ်မှာ ပျက်စီး သွားခဲ့သည်။
ဖြစ်စဉ်မှာ မန္တလေးဘက်မှ စစ်ကိုင်းကားလမ်းအတိုင်း ဦးတင်ဝင်း မောင်းနှင်လာသော GRAND
TIGER အမျိုးအစား အနက်ရောင် ယာဉ်အမှတ် ၃ဃ/---- သည် ယာ ဘက် ရှေ့ဘီးပေါက်ပြီး ကိုးပေ တံတား လမ်းဘေး၌ရပ်ထားသော ငြိမ်းချမ်းအောင်နှင့် မင်းမင်းစိုး မောင်းနှင်သော တ/---- သုံးဘီး ယာဉ်အား တိုက်မိခဲ့သဖြင့် ငြိမ်းချမ်း အောင်မှာ ဒဏ်ရာများဖြင့် သေဆုံး သွားခဲ့သည်။
ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးတင် ဝင်း ပုသိမ်ကြီးမြို့နယ် ကွေ့ကြီးကုန်း ကျေးရွာနေသူကို စစ်ကိုင်းမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူစစ်ဆေးလျက်ရှိကြောင်း သိသည်။
ထွေးမြင့်နိုင်(စစ်ကိုင်း) - Myanmaalinn
Sign up here with your email
ConversionConversion EmoticonEmoticon