ပန်ဒါ ၃ မြွှာပူး မွေးနေ့ပွဲ တရုတ်ကျင်းပမည် (ရုပ်သံ)


တရုတ်နိုင်ငံ ဂွမ်ဒေါင်းခရိုင်ထဲက ချီမီလောင် ဆာဖရီ ပန်းခြံမှာ ပန်ဒါ ၃ ကောင်အတွက် မွေးနေ့ပွဲကို ဇူလိုင် ၂၉ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ထောင်ချီတဲ့ ပန်ဒါ ပရိသတ်တွေက ဒီပါတီကို ဆင်နွဲကြမှာ ဖြစ်ပါတယ်။ ပန်းခြံကတော့ ချစ်စရာကောင်းတဲ့ တိရစ္ဆာန် ကာတွန်းတွေနဲ့ သူတို့ရဲ့နေစဉ်ဘ၀ကို မှတ်တမ်းတင်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို ပြသသွားမှာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ဇူလိုင် ၂၉ ရက်က ဂွမ်ဇူးမြို့မှာ ပန်ဒါ ၃ ကောင်ကို မွေးဖွားခဲ့ပြီး သမိုင်းမှာ အရှည်ကြာဆုံး အသက်ရှင်နိုင်တဲ့ ပန်ဒါတွေ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄ ခုက မွေးဖွားတဲ့ ၄ အုပ်စုမြောက် ပန်ဒါ ၃ ကောင်လည်း ဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ်မှာ ပန်ဒါ ၃ ကောင် မွေးဖွားခဲ့ပေမယ့် တကောင်မှ မရှင်ကျန်ခဲ့ပါဘူး။

၁၉၉၉ နဲ့ ၂၀၀၃ ခုနှစ်က ဒုတိယနဲ့ တတိယအုပ်စု ပန်ဒါတွေ မွေးဖွားခဲ့ရာမှာတော့ တကောင်စီပဲ အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။

DVB
Previous
Next Post »
Powered by Blogger.