ညအချိန်ဆိုင်ကယ်များ ဖြင့် ဘန်ကောက် တမြို့ လုံး လှည့်ပါတ် ဒုက္ခပေးသော လူငယ် ၄၀၀ ကျော် အား ထိုင်းစစ်တပ်နှင့်ရဲတို့  ပူးပေါင်းနှိမ်နင်း





ညဥ့်နက်ပိုင်းတွင် ဆိုင်ကယ် များကို အမြန်နုံးအမြင့်ဆုံးဖြင့် အသံကျယ်လောင်စွာစီးကာ လောင်းကြေး ထပ် ပြိုင်နေကြသည့် လူငယ်များ -ရပ်ကွက်နေပြည်သူများ အိပ်မရအောင် ပုံစုံမျိုးစုံဖြင့် အော်ဟစ် သောင်းကျန်းနေကြသူ လူငယ်ဂိုဏ်းများကို ရဲနှင့်စစ်တပ်အင်အား ၁၀၀ကျော်သုံး၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပြည်သူများ၏ အကြိမ်ကြိမ်တိုင်တန်းမှုများရရှိခဲ့ပြီးနောက် အချိန်(၃)ပါတ်ကြာ အဆိုပါ ဂိုဏ်းများအား ထောက်လှမ်းခဲ့ရကြောင်း အဆိုပါလူမိုက်ဂိုဏ်းများမှာ ညပိုင်း၂နာရီမှစ၍ လမ်းများ ကို မည်သည့်ကားမျှ မဖြတ်သန်းရ အောင် လမ်းပိတ်ပြီးမှ ဆိုင်ကယ်အုပ်စုကြီး အမောင်းပြိုင်နေကြသည်။

မေ၃၀ရက် ညတနာရီကျော်မှ စတင်ကာ ဘန်ကောက်မြို့  နုံထဘူရီ ရှိ လမ်းများအားလုံးပိတ်ဆို့ ၍ ဖမ်းဆီးခဲ့ပြီး အများစုမှာ ဆိုင်ကယ်အပြင်းမောင်း ထွက်ပြေး ရင်း ချောင်ပိတ်မိပါမှ အဖမ်းခံခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးလိုက်သည့် ညပျော်ဆိုင်ကယ် ဂိုဏ်းဝင်၄၀၀ ကျော်တွင် ၆၂ဦးမှာ မိန်းခလေးများဖြစ် ကြောင်း သိရသည်။ အဖမ်းခံရသူအားလုံးအား လိုင်စင်မဲ့မောင်းနှင်မှု ၊ ညအချိန်ပြည်သူလူထုအား နောက်ရှက်မှု ၊အခွင့်မရှိဘဲ လမ်းမကြီးပေါ် ဆိုင်ကယ်များအပြိုင်မောင်းနှင်ခြင်း စသော အမှုများဖြင့်တရားစွခြံရမည်ဖြစ်သည်။

Min Burma
Previous
Next Post »
Powered by Blogger.