တောင်ကိုရီးယား မိန်း ကလေးအဆိုရှင်များအဖွဲ့ Girls' Generation သည် အမေရိကန် နိုင်ငံ နယူးယောက်မြို့၌ ပထမ ဆုံးအကြိမ်ပြုလုပ်မည့် KCON 2015 ကေပေါ့ပ်တေးဂီတပွဲတော် သို့ တက်ရောက်မည်ဟု အတည် ပြုလိုက်သည်။
Girls' Generation အဖွဲ့မှာ နယူးယောက်မြို့တွင် ပထမဆုံး အကြိမ်ပြုလုပ်မည့် KCON 2015 ပွဲသို့ တက်ရောက်မည်ဟု ကြေ ညာသော ပထမဆုံးကေပေါ့ပ် အဖွဲ့ဖြစ်သည်။ နယူးယောက်မြို့ မှ ကေပေါ့ပ်ဝါသနာရှင် ပရိသတ် များသည် ၎င်းတို့မြို့၌ ပထမ အကြိမ်ပြုလုပ်မည့် KCON ပွဲနှင့် ပတ်သက်သော သတင်းများကို အထူးမျှော်လင့်စောင့်စားလျက်ရှိ သည်ဟု မီဒီယာများက ဖော်ပြ သည်။ KCON ပွဲမှာ ၂၀၁၂ တွင် Koreaboo၊ CJ&M နှင့် Mnet ကုမ္ပဏီတို့ ပူးပေါင်းတင်ဆက် သောပွဲဖြစ်ပြီး ကမ္ဘာပေါ်၌ အကြီး အကျယ်ဆုံးကေပေါ့ပ်ပွဲတော်ဖြစ် သည်။ KCON ပွဲမှာ တစ်နှစ်ထက်တစ်နှစ် ပို၍ကြီးကျယ်ခမ်းနားလာ ပြီး ယခုနှစ်တွင် အမေရိကန်နိုင်ငံ အပြင် ဂျပန်နိုင်ငံ၌လည်း ပြုလုပ် သည်ဟု သိရသည်။
၂၀၁၄ တွင် KCON ပွဲကို လော့စ်အန်ဂျလိစ်မြို့၌ နှစ်ရက် တာကျင်းပခဲ့ပြီး ယခုနှစ်တွင် ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၂ ရက် အထိ လော့စ်အန်ဂျလိစ်မြို့၌ သုံး ရက်တာကျင်းပမည်ဖြစ်သည်။ ထို့အပြင် ဩဂုတ် ၈ ရက်တွင် နယူးဝါ့ခ်မြို့၌လည်း ကျင်းပမည် ဟု သိရသည်။
Ref: Koreaboo
Sign up here with your email
ConversionConversion EmoticonEmoticon