တယ်လီနောက သုံးစွဲသူများအား ၀န်ဆောင်ခအနည်းငယ် လျှော့ပေးဖွယ်ရှိ


အခွန်ဥပဒေအရ နိုင်ငံ တော်မှ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကောက်ခံမှုအတွက် သီးခြားဝန်ဆောင်မှုများထပ်ပေးရန် မရှိသော်လည်း သုံးစွဲသူများ ကျေ နပ်မှုရှိစေရန် ၀န်ဆောင်မှုနှုန်း ထားအချို့ လျှော့ချပေးရန် စဉ်းစားသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် ပီတာဖာဘတ်ကပြော သည်။

‘‘အခွန်ကတော့ ဥပဒေအရ ကောက်ခံသွားမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သုံးစွဲသူတွေကို စိတ် ကျေနပ်စေချင်တဲ့အတွက် ဘော နပ်အစီအစဉ်တွေလည်း လာ ကောင်းလာနိုင်ပါတယ်။ ဖုန်းခေါ် ဆိုခနဲ့ အင်တာနက်အသုံးပြုခ နှုန်းထား အဲဒီနှစ်ခုကနေပဲ ဈေးလျှော့ ပေးတာတွေ လုပ်ကောင်းလုပ် သွားနိုင်ပါတယ်’’ဟု ၎င်းကပြော သည်။ တယ်လီနောအနေဖြင့် ဇွန် လ ၁ ရက်မှစတင်၍ နိုင်ငံတော်မှ ကောက်ယူမည့် အခွန် ၅ ရာခိုင်နှုန်းအတွက် ဖုန်းဘီလ်ထဲမှ ဖြတ်တောက်မည့် စနစ်ကို ပြောင်းလဲ ကျင့်သုံးမည်ဖြစ်ပြီး ငွေဖြည့်ကတ် အလိုက် အခွန်ဆောင်ရမည့် ပမာဏကို သုံးစွဲသူများ သိရှိစေ ရန် ဖော်ပြပေးထားသည့် ငွေဖြည့်ကတ်ပုံစံအသစ်များကိုလည်း ဈေးကွက်အတွင်းသို့ ဖြန့်ချိပေးသွား မည်ဖြစ်ကြောင်း ၎င်းကပြော သည်။

‘‘အခွန်ကို သတ်မှတ်ထားတဲ့ အတိုင်း ကောက်ခံသွားမှာပဲဖြစ် တယ်။ ဒီဥပဒေကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းတာဖြစ်တဲ့အ တွက် ကျွန်တော်အကြံပြုချင်တာ က လာမယ့်ရွေးကောက်ပွဲ ကျရင် မဲကောင်းကောင်းပေးကြပါလို့ပဲ ပြည်သူတွေကို အကြံပေးချင်ပါ တယ်’’ဟု ပီတာဖာဘတ်က ဖုန်း အသုံးပြုသူများအား အခွန်ကောက်ခံမှုအပေါ် မှတ်ချက်ပြုပြောကြား သည်။

တယ်လီနောအနေဖြင့် ဇွန် လ ၁ ရက်မှစတင်ကာ မိုဘိုင်းဖုန်း အသုံးပြုသူများပေးဆောင်ထား သော အခွန်များကို စနစ်တစ်ခုဖြင့် သီးသန့်ထားရှိမည်ဖြစ်ပြီး နိုင်ငံတော်သို့ တစ်လတစ်ကြိမ်ပေး ဆောင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အခြားသော ပြည်ပအော်ပ ရေတာတစ်ခုဖြစ်သည့် အူရီးဒူး အနေဖြင့် အခွန်ကောက်ခံမှုအ တွက် သီးခြားအစီအစဉ်ပြုလုပ် ပေးရန် မရှိသော်လည်း သုံးစွဲသူ များ သက်သာစွာ အသုံးပြုနိုင်ရေး အတွက် ၀န်ဆောင်မှုအစီအစဉ် အချို့ကို ပြုလုပ်ပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘အခွန်ကောက်ခံမှုအတွက် သီးခြားအစီအစဉ်တွေ မရှိပေ မယ့် အူရီးဒူးရဲ့ မူဝါဒအတိုင်း သုံး စွဲသူတွေဈေးသက်သာစွာနဲ့ အသုံးပြုနိုင်ဖို့ ၀န်ဆောင်မှုတချို့လုပ် ပေးသွားဖို့တော့ ရှိပါတယ်’’ဟု အူရီးဒူးမြန်မာမှ ပြန်ကြားရေးတာ ၀န်ခံ မသီရိကြာညိုကပြောသည်။

လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ တယ်လီနောဆင်းမ်ကတ် အသုံး ပြုသူပေါင်း ၆ ဒသမ ၄ သန်းအထိ ရှိပြီး အူရီးဒူးဆင်းမ်ကတ်အသုံးပြု သူပေါင်း ၃ ဒသမ ၃ သန်းရှိ ကြောင်း အော်ပရေတာများမှ သတင်းထုတ်ပြန်ထားသည်။

အခွန်ကောက်ခံမှုနှင့် ပတ် သက်၍ မိုဘိုင်းဖုန်းအသုံးပြုသူမှ ပြင်းထန်စွာ ဝေဖန်မှုများပြုလုပ် နေကြသည့်အတွက် ယခုဘဏ္ဍာ နှစ်အတွင်း ကင်းလွတ်ခွင့်ပြုရန် မေလ ၂၁ ရက်က ပြည်ထောင်စု လွှတ်တော်သို့ အဆိုတင်သွင်းမှု ပြုလုပ်ခဲ့ရာ လက်ခံရန် ဆုံးဖြတ်ခဲ့ကြပြီး လာမည့်တစ်ပတ် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

7 day daily
Previous
Next Post »
Powered by Blogger.