ဘီယာဗိုက် ပိုင်ရှင်ကိုကိုများကတော့ တကယ်ဆိုရင် ချစ်ဖို့အရမ်းကောင်းပါတယ်။
သူတို့ဟာ ဗိုက်တစ်လုံးကြောင့်မဟုတ်ပဲ၊ ပေါင်းသင်းဆက်ဆံရေးမှာလဲ နွေးထွေးမှုတွေရှိပါတယ်။
မိန်းကလေးအနေနဲ့လည်း သူ့ရှေ့မှာဆိုရင် စိတ်လွတ်ကိုယ်လွတ် နေနိုင်မှာပါ။ သူတို့က နည်းနည်းဝနေရင်မနေလိမ့်မယ်၊ သူတို့ရဲ့ ကောင်းသောအချက်လေးတွေက ဘာတွေလဲ။
★ သူ့ရဲ့ချစ်သူကို Diet လုပ်ပါလို့ ပြောမှာမဟုတ်ပါ
ဘီယာဗိုက်ကိုကိုနဲ့ အတူနေရင်တော့ သူလည်း လွတ်လွတ်လပ်လပ်၊ ကိုယ်လည်း လွတ်လွတ်လပ်လပ်နေနိုင်တာပေါ့။ Diet လုပ်ပါလို့ပြောမဟုတ်တဲ့အတွက် စိတ်သက်သာရာ ရမှာအမှန်ပါ။
★ အချစ်ရေးမှာ ပွင့်လင်းလာလိမ့်မယ်
ဥပမာ၊ ဒီနေ့ဆိုရင် ဘာမဆိုစားနိုင်တယ်လို့ သတ်မှတ်ထားရင်၊ ကိုယ်ကြိုက်တာတွေကို စားရင်လည်း သူကတော့ ဘာမှာပြောမှာမဟုတ်သလို သူကတောင်ကူပြီး စားပေးမှာပါ။
★ ကိုယ်ခန္ဓာအချိုးအစားကို စိတ်ပူစရာမလို
သူကိုယ်တိုင်လည်း ကိုယ်ခန္ဓာအချိုးအစားက ပြောစရာတောင်မလိုတော့ဘူးလို့ထင်ပါတယ်။ သူတောင်မထိန်းနိုင်ရင် ကိုယ်ကိုလည်း ပြောလို့မရဘူးပေါ့နော်။
★ သူ့အပြင် အခြားသူမရှိပါ
ဘာဖြစ်လို့လဲဆိုတော့၊ သူ့လိုလူက လောကကြီးမှာ ခပ်ရှားရှားပါ။ အကယ်၍ သူကိုကြိုက်တဲ့သူပေါ်လာရင်လည်း စိတ်ပူစရာမရှိပါ။ သူ့မှာ ပိုင်ရှင်ရှိနေပြီလေ။
★ ဘောလုံးကြီးလို ခံစားရတယ်
တောင့်တင်းခိုင်မာတဲ့ ယောင်္ကျားတွေထက် သူ့အနားမှာနေရင် စိတ်ချမ်းသားပြီး သူ့ရဲ့ကိုယ်ကြီးက ဘောလုံးကြီးလိုလို၊ ကစားကွင်းက အရုပ်ကြီးလိုလို ခံစားရမှာအမှန်ပါ။
★ လူ့ဘဝကြီးကို နားလည်နေတယ်
လူ့ဘဝမှာ ကိုယ်လုပ်ချင်တာကို မလုပ်နိုင်တာတွေ အများကြီးပါ။ မဖြစ်နိုင်တဲ့အချက်တွေထဲမှာ စားချင်တာစား၊ သောက်ချင်တာသောက်နေတယ်ဆိုတာ ကျန်းမာရေးအတွက် မကောင်းပင်မဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာတော့ မမှားပါ။
★ လက်ထပ်ပြီးရင်လည်း ပြောင်းလဲမှာမဟုတ်ပါ
သမီးရည်းစားဘဝကနေ အခုအချိန်အထိလည်း ဒီပုံအတိုင်းပဲဆိုတော့ ဘယ်တော့မှလည်း ပြောင်းလဲမှာ မဟုတ်ပါ။ အိမ်ထောင်ရေးမှာ ပျော်ရွှင်မှုတွေ ပေးဆောင်နိုင်မှာ မမှားပါ။
ကိုယ့်ရဲ့လူကြီးက ဘီယာဗိုက် ဆိုရင်နားလည်ပေးလိုက်ပါ။
Chelmo Team
Sign up here with your email
ConversionConversion EmoticonEmoticon