မော်စီအား သေဒဏ်ချမှတ်လိုက်ပြီးနောက် ဆိုင်းနိုင်းတွင် တရားသူကြီးသုံးဦး ပစ်သတ်ခံရ


အီဂျစ်တရားရုံး တစ်ရုံးက သမ္မတဟောင်း မိုဟာမက်မော်စီအား ထောင်ဖောက်ထွက်ပြေးမှု သေဒဏ် ချမှတ်လိုက်ပြီး နာရီပိုင်းအကြာ စနေနေ့က အီဂျစ်မြောက်ပိုင်း ဆိုင်းနိုင်း၌ တရားသူကြီး သုံးဦးအား သေနတ်သမားများက ပစ်သတ်ခဲ့ သည်။

ကိုင်ရိုမြို့ ရာဇဝတ်မှုခုံရုံးက မော်စီနှင့် ဒါဇင်နှင့်ချီသောမွတ် စလင် ညီအစ်ကိုတော် ခေါင်းဆောင်များ အား ထောင်ဖောက်ထွက်ပြေးမှုဖြင့် သေဒဏ်ချမှတ်လိုက်ပြီး နှစ်နာရီ အကြာ စစ်သွေးကြွအုပ်စုတစ်စုက အယ်လ်အာရစ်မြို့၌ တရားသူကြီး များ တင်ဆောင်လာသောကားပေါ်မှ ယာဉ်မောင်းနှင့်အတူ တရားသူကြီး သုံးဦးအား သေနတ်ဖြင့် ပစ်သတ် သွားခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုတွင် အခြား တရားသူကြီးသုံးဦးလည်း ဆိုးရွားစွာထိခိုက်ဒဏ်ရာရရှိသွားခဲ့သည် ဟု ဆိုသည်။ ပစ်ခတ်တိုက်ခိုက်မှုများ အပြီး ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာ နေရာ ကို အမြန်ဆုံး ထိန်းချုပ်လိုက်ပြီး တိုက်ခိုက်မှုအပေါ် စုံစမ်းမှုများပြု လုပ်လျက်ရှိသည်။

ယင်းတိုက်ခိုက်မှုသည် မည်သူ မည်ဝါ၏ လက်ချက်ဖြစ်သည်ဟု ချက်ချင်း မသိရသေးသော်လည်း အိုင်အက်စ်စစ်သွေးကြွများ၏ မိတ် ဖက် ဆိုင်းနိုင်းအခြေစိုက် အန်ဆာ ဘတ် အယ်လ်မာဒစ်အဖွဲ့မှ ဖြစ်နိုင် ကြောင်းလေ့လာသူများက ပြော သည်။

Myanmaalinn

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.