အမေရိကန် ကောလိပ်နဲ့ တက္ကသိုလ်တွေရဲ့ ၀င်ခွင့်စာမေးပွဲတွေမှာ ရလဒ်ကောင်းတွေ ထွက်လာအောင် မသမာမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်နိုင်ငံသား ၁၅ ဦးကို အမေရိကန်က တရားစွဲလိုက်ပါတယ်။
စာမေးပွဲတွေမှာ လူတွေ အစားထိုး ဖြေဆိုတာတွေပါ ရှိတယ်လို့လည်း ဆိုပါတယ်။
အဲဒီ အုပ်စုဟာ Pennsylvania ပြည်နယ်ထဲတွင်းမှာ နာမည်တုနဲ့ ပတ်စပို့အတု လုပ်တာတွေ အပါအ၀င် မသမာမှုတွေ ကျူးလွန်နေတာ ၄ နှစ်ရှိပြီလို့ အမေရိကန် တရားရေးဌာနက ပြောပါတယ်။
ဒီအမှုမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်နိုင်ခဲ့ရင် အမြင့်ဆုံးထောင်ဒဏ် နှစ် ၂၀ ထိ ကျခံရဖို့ ရှိပါတယ်။
BBC Burmese
Sign up here with your email
ConversionConversion EmoticonEmoticon