ရေ လုံလောက်စွာ မသောက်တဲ့အခါ ဖြစ်လာမယ့် ဆိုးကျိုးများ


ထမင်း အသက် ၇ ရက် ရေ အသက် ၁ မနက် ဆိုသလိုပဲ ကျွန်ုပ်တို့ တွေဟာ နေ့စဉ် ရေ ပမာဏ တစ်ခုကို လုံလောက်စွာ သောက်သုံးဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို ဖန်ခွက် နဲ့ ၈ ခွက်ခန့် သောက်သုံးပေးပါမှ လုံလောက်ပါလိမ့်မယ်။ ရေ လုံလောက်အောင် မသောက်သုံးတဲ့အခါမှာ ကောင်းကျိုးတစ်ခုမှ ပြန်မရပါဘူး။ ရလာသမျှက ဆိုးကျိုးတွေကြီးပဲ ဖြစ်နေမှာပါ။ ရေ လုံလောက်စွာ မသောက်ရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကတော့ -

၁။ ကျန်းမာရေးပြသနာများ

ရေ သောက်သုံးတဲ့ ပမာဏ လျော့နည်းသွားတာ က ကျန်းမာရေးပြသနာတွေကို ပိုများလာစေနိုင်ပါတယ်။ ကျောက်ကပ် ၊ ဆီးလမ်းကြောင်းနဲ့ အူမ ကြီးတို့မှာ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ရေ သောက်သုံးတဲ့ ပမာဏ နည်းလာတာနဲ့ အမျှ နှလုံးရောဂါ ပါဖြစ်လာနိုင်ပါတယ်။

၂။ မောပန်းနွမ်းနယ်ခြင်း

ရေသောက်တဲ့ ပမာဏ နည်းလာရင် ရေဓါတ်ခမ်းခြောက်ပါတယ်။ ရေဓါတ်ခမ်းခြောက်လာရင် အရင်ဆုံး ခံစားရ မယ့် ဝေဒနာ က မောပန်းနွမ်းနယ်မှုပါ။ ခန္ဓာကိုယ်ထဲက တစ်သျှူးတွေဟာ ရေဓါတ်ခမ်းခြောက်လာရင် စွမ်းအင်ကို မရယူနိုင်တော့ပါဘူး။

၃။ အစာမချေဖျက်နိုင်ခြင်း

ရေဓါတ် နည်းနေတဲ့အခါ ၊ ရေဓါတ်ခမ်းခြောက်နေတဲ့အခါတွေမှာ အစာအိမ်အတွင်းက အစာချေဖျက်တဲ့ အရည်တွေဟာ မိမိ စားသုံးလိုက်တဲ့ အစားအစာတွေရဲ့ အာဟာရတွေကို စုပ်ယူနိုင်စွမ်းမရှိတော့ပါဘူး။ အစားအစာတွေမှာပါတဲ့ အဆိပ်တွေကိုသာ စုက်ယူသွားမှာ ဖြစ်ပါတယ်။

၎။ ကယ်လိုရီ ပြသနာ

၂၀၁၀ တုန်းက လုပ်ခဲ့တဲ့ သုတေသနတစ်ခုအရတော့ အစာစားခါနီးတိုင်း ရေ ၁၀ ခွက် အထိ သောက်သုံးပေးရင် စားတဲ့အစားအစာ မှာပါဝင်တဲ့ ကယ်လိုရီတွေကို ၇၅ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားစေနိုင်ပါတယ်။ ဒါ့အပြင် အစားအစာတွေမှာ ပါတဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်မှာပါ။ရေမသောက်ရင်တော့ ဒီကောင်းကျိုးတွေ အားလုံးကို ဆုံးရှုံးရပါလိမ့်မယ်။

၅။ အသွင်အပြင် ပြသနာ

သင်ဟာ လက်ရှိအသက်အရွယ်ထက် ပိုပြီး အိုမင်းရင့်ရော်နေတယ် ၊ အသားအရေ မွဲခြောက်နေတယ်ဆိုရင်တော့ သင်နေ့စဉ် ရေပမာဏ တစ်ခုကို လုံလောက်စွာ ပုံမှန်မသောက်သုံး လို့ဆိုတာတော့ သေချာပါတယ်။

(Mario)
Ref : Menxp
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.