မြေပုံကျင်း ၁၃၉ ခု ထပ်တွေ့လို့ မလေးရှားရဲပြော

ထိုင်းမြန်မာ နယ်စပ်တလျှောက် လူမောင်ခိုကူးသူတွေရဲ့ စခန်း ၂၈ ခုမှာ ရွှေ့ပြောင်းနေထိုင်သူတွေလို့ ယူဆရသူတွေရဲ့ ရုပ်အလောင်းတွေ မြုပ်နှံထားတဲ့ မြေပုံပေါင်း ၁၃၉ ခုကို တွေ့ရှိခဲ့တယ်လို့ မလေးရှားရဲက ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလကတည်းက တွေ့ရှိခဲ့တဲ့ တချို့မြေပုံကျင်းတွေမှာဆို ရုပ်အလောင်း ၁ လောင်းထက် ပိုမိုရှိနိုင်တယ်လို့ မလေးရှား ရဲတပ်ဖွဲ့ အကြီးအကဲ Khalid Abu Bakar က ပြောပါတယ်။

မြေပုံတွေ တွေ့ရှိရတဲ့နေရာဟာ အခုလ အစောပိုင်းက ထိုင်းနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ လူမှောင်ခိုစခန်းတွေနဲ့ ရုပ်အလောင်းတွေ မြုပ်နှံထားရာ နေရာအနီးမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


လူမှောင်ခိုကူးသူတွေက ရွှေ့ပြောင်းနေထိုင်သူတွေကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ရာမှာ ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ မလေးရှားနိုင်ငံ မြောက်ပိုင်း တောလမ်းတွေကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
Previous
Next Post »
Powered by Blogger.