အခုစာသင်နှစ်မှာ မြန်မာတနိုင်ငံလုံးရှိ ကျောင်းလာအပ်တဲ့ မူလတန်းကျောင်းသားပေါင်း ၅ သန်းကျော်စလုံးကို အဖြူအစိမ်းကျောင်းဝတ်စုံတစုံစီ အခမဲ့ပေးမယ်လို့ အစိုးရက ကြေငြာထားခဲ့ပြီး ဒီနေ့ ကျောင်းစတင် အပ်နှံတဲ့နေ့မှာတော့ ကျောင်းဝတ်စုံ တချို့တ၀က်ပဲ ရှိနေသေးလို့ အပြည့်ထုတ်မပေးနိုင်သေးပဲ ကျောင်းဖွင့်အမှီ ထုတ်ပေးသွားမယ်လို့ ရန်ကုန်မြို့ရှိ အထက(၄) ဗိုလ်တထောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်မိုးက DVBကို ပြောပါတယ်။
အခုစာသင်နှစ် ကျောင်းအပ်လက်ခံချိန်မှာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း အတန်းအားလုံးကို ကျောင်းအပ်နှံကြေး မပေးရတော့ပဲ အခမဲ့ပညာရေး အနေနဲ့ အတန်းတိုင်းအတွက် ပုံနှိပ်စာအုပ်တွေ အခမဲ့ဖြန့်ဝေတယ်လို့လည်း သိရပါတယ်။
DVB TV News
Sign up here with your email
ConversionConversion EmoticonEmoticon