အမေရိကန် ပြည်ထောင်စု၊ နယူးယော့ခ်မြို့မှာ နေထိုင်တဲ့ ဂျူလီယန်မာကာဒိုကို ကျော်ကြားတဲ့ မော်ဒယ် ဖြစ်လာမယ်လို့ ဘယ်သူမှ ထင်မှတ်ထားကြမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မာကာဒိုဟာ ကြွက်သားဆိုင်ရာ ဝေဒနာကြောင့် လမ်းမလျှောက်နိုင်တဲ့ ဝေဒနာကို ခံစားနေရပြီး အသွားအလာ ပြုလုပ်ဖို့ ၀ှီးချဲကိုသာ အသုံးပြု ခဲ့ရပါတယ်။
အသက် (၂၇) နှစ်ရှိပြီ ဖြစ်တဲ့ မီကာဒိုဟာ နာမည်ကြီး အမှတ်တံဆိပ် ဖြစ်တဲ့ Disel ရဲ့ မော်ဒယ်တစ်ဦး အဖြစ် ခန့်အပ် ခံထားရပါတယ်။ Disel ရဲ့ အနုပညာ ဒါရိုက်တာ နီကိုလာက မီကာဒို ၀ှီးချဲနဲ့ ထိုင်နေတဲ့ ပုံစံကို ဓာတ်ပုံရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့ရာကနေ ထင်ရှားတဲ့ မော်ဒယ်ဖြစ်လာဖို့ အကြောင်း ဖန်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မီကာဒိုဟာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိနေပါတယ်။
မီကာဒိုဟာ ဖက်ရှင်ရေးရာ မဂ္ဂဇင်း တစ်ခုမှာ အမှုဆောင် အယ်ဒီတာ အဖြစ် ဆောင်ရွက်နေပြီး၊ နီကိုလာနဲ့ တွေ့ဆုံဖို့ အခွင့်အရေး ရှိလာပါတယ်။ တစ်နေ့မှာ မီကာဒိုက နီကိုလာထံ စာရေးသား ဆက်သွယ်ပြီး ဖက်ရှင်မော်ဒယ် အဖြစ် ဆောင်ရွက်လိုကြောင်း ဟြေကြား ခဲ့ပါတယ်။ ဒီအချိန်မှာ Denim ဟာ ထူးခြားတဲ့ ခေါင်းစဉ်နဲ့ အမှတ်တံဆိပ်ကို ကြော်ငြာ လိုတာကြောင့် မီကာဒိုနဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီသတင်းကို ကြားရပြီး နောက်ပိုင်းမှာ မီကာဒိုဟာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရပါတယ်။ ဘ၀မှာ ဘာမှ မလုပ်နိုင်တော့ဘူးလို့ ထင်မှတ်ထားတဲ့ မီကာဒို အတွက် ၀မ်းသာစရာ ဖြစ်ခဲ့ပြီး မော်ဒယ်အဖြစ် ဆောင်ရွက်နိုင်ဖို့ ကြိုးစား ဆောင်ရွက်ခဲ့ပါတယ်။ ဒီနောက် Denim ဟာ မီကာဒိုကို အခြားမော်ဒယ် (၂၂) ဦးနဲ့ ရွေးချယ်ပြီး ဓာတ်ပုံတွေ ရိုက်ကူးကာ ကြော်ငြာတွေမှာ အသုံးပြုခဲ့ပါတယ်။
မီကာဒိုဟာ အစောပိုင်းမှာ တုန်လှုပ်မှုတွေ ရှိခဲ့ပေမယ့် ဓာတ်ပုံတွေကို ပရိသတ်တွေက ကြိုက်နှစ်သက်ကြောင်း သိခဲ့ရပြီးနောက် ယုံကြည်မှုတွေ တိုးပွားလာခဲ့ပါတယ်။ မီကာဒိုဟာ ဂျပန်နိုင်ငံမှ ထင်ရှားတဲ့ မော်ဒယ်၊ ဆေးမင်ကြောင် ထိုးထား တဲ့မော်ဒယ်တွေနဲ့ဓာတ်ပုံတွေ တွဲရိုက်ခဲ့မှု ပြုလုပ်ခဲ့ရာ အားပေးမှုတွေ ရယူနိုင်ခဲ့ပါတယ်။
Sign up here with your email
ConversionConversion EmoticonEmoticon