ကမ္ဘာ့အသက်ကြီးဆုံး မော်ဒယ်


ဖင်ဆယ်လ်ဖီ ဖြစ်ပါတယ်။ ငယ်စဉ် ဘ၀ကတည်းက မော်ဒယ် အဖြစ် လုပ်ကိုင်ခဲ့ပြီး အသက်အရွယ် ကြီးသွားပေမယ့် ခန္ဓာကိုယ်အချိုးအစားနဲ့ နုနယ်မှု တွေက မော်ဒယ်တစ်ဦး အဖြစ် ဆက်လက် အသက်မွေးဖို့ တွန်းအားဖြစ်စေ ခဲ့ပါတယ်။

အသက် (၈၆) နှစ် အရွယ်မှာ ဆောင်းရာသီ ဖက်ရှင် အတွက် ဓာတ်ပုံတွေ ရိုက်ကူးပေး ခဲ့တာကြောင့် အားလုံး အံ့အားသင့် စေခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ၊ ဟဲလ်ဖို့ဒ်ရှိုင်းယားဒေသမှာ နေထိုင်တဲ့ ဒါဖင်ဆယ်လ်ဖီဟာ နာမည်ကြီး အမှတ် တံဆိပ်တွေရဲ့ မော်ဒယ်အဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။

ဒါဖင် ဆယ်လ်ဖီက မော်ဒယ်တွေ ပိန်ပါးနေမှု အတွက် ဆန့်ကျင်မှု ပြုလုပ်သူတွေထဲမှာ ပါဝင်ခြင်းမရှိဘဲ လက်ရှိ အခြေအနေကို နှစ်သက်မှု အပြည့်ရှိကြောင်း ဟြေကြားခဲ့ပါတယ်။ ဒါဖင်ဆယ်လ်ဖီက သူဟာ အသက် အရွယ်ကြီးတဲ့ အထိ မော်ဒယ်အလုပ် ဆက်လုပ်နိုင်ခြင်းသည် မိဘများ၏ ကျေးဇူးကြောင့် ဖြစ်ကြောင်း၊ မိဘများက လှပတဲ့ ခန္ဓာကိုယ် ဖြစ်အောင် ပြုလုပ်ပေးခဲ့ကြောင်း၊ မိမိကလည်း အနေအထိုင် အစားအသောက်ကို ဆင်ခြင်ခဲ့ကြောင်း ဟြေကြားခဲ့ပါတယ်။

ဒါဖင်ဆယ်လ်ဖီဟာ မော်ဒယ် အလုပ်ကို နှစ်ပေါင်း (၇၀) နီးပါး လုပ်ကိုင်ခဲ့သူဖြစ်ပြီး အလုပ် လုပ်တဲ့အခါ ယုံကြည်မှုထားပြီး လုပ်လေ့ရှိကြောင်း ဆိုခဲ့ပါတယ်။ ထူးခြားတာက ဒါဖင်ဆယ်လ်ဖီကို အတွင်းခံ အ၀တ်အစားတွေ ကြော်ငြာရာမှာ အသုံးပြုနေခြင်းပဲ ဖြစ်ပါတယ်။
Previous
Next Post »
Powered by Blogger.