သမ္မတဦးသိန်စိန်တက်ရောက်မည့် ရှင်အပါး ၅၀၀၀ အလှူပွဲ မိုးနတ်မင်း ဖျက်






သမ္မတဦးသိန်းစိန်တက်ရောက်မည့် စစ်ကိုင်းတိုင်း ဒေသကြီး မြောင်မြို့နယ်၊ ဘူးကိုင်းကျေးရွာမှ ရှင်အပါး ၅၀၀၀ အလှူပွဲကို မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်နား လိုက်ရကြောင်း သိရသည်။

အဆိုပါ ရှင်အပါး ၅၀၀၀ပွဲ အလှူအ၀င်နေ့ ဖြစ်သည့် မေလ (၁၅) တွင် ရှင်လောင်းလှည့်ပွဲ ကျင်းပခဲ့ပြီး ယင်းနေ့ညမှာပင် မိုးသည်းထန်စွာရွာသွန်းခဲ့သကဲ့သို့ မိုးသည် အလှူကြီးနေ့ မေလ ၁၆ ရက် နံနက် ၄ နာရီအချိန်တွင်လည်း မိုးရွာသွန်းခဲ့သည်ဟု ဒေသခံတဦးကပြောသည်။

၎င်းက" မိုးရွာတော့ ရေတွေက ခြေသလုံးလောက်ဖြစ်နေတယ်။ မဏ္ဍပ်တိုင်တွေယိုင်တာ တွေရှိတယ်။ တချို့မဏ္ဍပ်တွေ ပြားကုန်တယ်။ရေတွေတော်တော်ဝင်တယ်လေ။ အခင်းကော်ဇောတွေလည်းစိုကုန်တယ်။ ပွဲကတော့ နားထားလိုက်ရပြီ။ ကိုရင်တွေလည်း ပြန်ကြွသွားပါပြီ။" ဟု ပြောသည်။

ယင်းအလှူအတန်းပွဲကြီးကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး၊ရွှေသံလွင်ကုမ္ပဏီ( Sky Net )တို့က
သိန်းပေါင်း ငါးသောင်းအကုန်အကျခံ၍ ကျင်းပသော ရှင် ၅၀၀၀ အလှူကြီးဖြစ်ကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Previous
Next Post »
Powered by Blogger.