သီလ၀ါအထူး စီးပွားရေးဇုန်စီမံကိန်းနှင့် ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေး ရေးအပါအ၀င် အသေးစား၊ အ လတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ၀န်ကြီးဌာန သုံးခုတို့က ဂျပန်အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီ (JICA) ထံမှ ဂျပန် ယန်းသန်းပေါင်း ၂၅,၀၀၀ ကျော် (ဒေါ်လာသန်းနှစ်ရာကျော်) ချေးယူခြင်းကို ပြည်ထောင်စုလွှတ်တော်က သဘောတူအတည်ပြုပေးလိုက်သည်။
ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၂၅,၈၈၈ သန်းချေးယူရာ၌ ငွေချေးယူမည့် ၀န်ကြီးဌာနများတွင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီး ဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပါဝင်သည်။
ယင်းသို့ ချေးယူရာတွင်ဘဏ္ဍာရေး ၀န်ကြီးဌာနက ဂျပန်ယန်း ၅,၀၃၃ သန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဂျပန်ယန်း ၆,၁၀၅ သန်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနက ဂျပန်ယန်း ၁၄,၇၅၀ သန်းတို့ အသီးသီးချေးယူခြင်း ဖြစ်သည်။
ပို့ဆောင်ရေး ၀န်ကြီးဌာန အနေဖြင့် ယင်းဌာန လက်အောက် ရှိ သီလ၀ါအထူးစီးပွားရေးဇုန်အ တွက် ငွေချေးယူခြင်းဖြစ်ကာ လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်မြို့တော်ကို လျှပ်စစ်ဓာတ် အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန် JICA မှ ချေးယူခြင်းဖြစ်ပြီး ဘဏ္ဍာရေး ၀န်ကြီးဌာနအနေဖြင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်ပြီး ချေးယူခြင်းဖြစ်ကြောင်း သက်ဆိုင်ရာဝန်ကြီးများ၏ ၀န်ကြီးများက ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ကြသည်။ အဆိုပါ ငွေချေးယူခြင်းကိစ္စ ကို လွှတ်တော် ကိုယ်စားလှယ် ခြောက်ဦးက ဆွေးနွေးခဲ့ကြပြီး မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူ များသဖြင့် JICA မှ ဂျပန်ယန်း ၂၅,၈၈၈ သန်းချေးယူခြင်းကို ပြည်ထောင်စုလွှတ်တော်က သဘောတူအတည်ပြုပေးခဲ့သည်။
7 day daily
Sign up here with your email
ConversionConversion EmoticonEmoticon