ရွှေ့ပြောင်းဘင်္ဂါလီများမှာ လူမှောင်ခိုကူးမှုဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဆို


ပင်လယ်ပြင်ကိုဖြတ်သန်း၍ လှေဖြင့်ရွှေ့ပြောင်းနေကြသော ဘင်္ဂါလီ(ရိုဟင်ဂျာ)များကို ရခိုင်ပြည်နယ်တွင်ဖြစ်နေသည့် အခြေအနေကြောင့် ထွက်ပြေးနေသည့် ဒုက္ခသည်များအဖြစ် မြန်မာအစိုးရက မမြင်ဘဲ ယင်းပြဿနာ မှာ လူမှောင်ခိုကူးမှုသာဖြစ်၍ နိုင်ငံတကာအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန် ကြားရေး ၀န်ကြီး ဦးရဲထွဋ်က နိုင်ငံတကာသို တုံ့ပြန်ပြောကြားသည်။

မေလ ၁၈ ရက်က မြန်မာ နိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) တွင် အမေရိကန်၊ ဗြိတိန် အပါအ၀င် မြန်မာနိုင်ငံအခြေစိုက် သံရုံးအားလုံးမှ သံအမတ်များ၊ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂ သံ အမတ်များနှင့် မြန်မာအစိုးရ၀န် ကြီးများ တွေ့ဆုံခဲ့အပြီး ယင်းကဲ့ သို့ပြောကြားခြင်းဖြစ်သည်။ ဘင်္ဂ လားပင်လယ်အော်နှင့် ကပ္ပလီ ပင်လယ်ပြင်တို့ကို ဖြတ်သန်း၍ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို့သို့ လှေဖြင့်ရွှေ့ပြောင်းနေ ကြသော ဘင်္ဂါလီ(ရိုဟင်ဂျာ)များ အရေးကို နိုင်ငံတကာအမတ်များ က အလေးပေးပြောကြားခဲ့ကြပြီး ဤကိစ္စကြောင့် မြန်မာနိုင်ငံပုံရိပ် ထိ ခိုက်မည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားကြရာမြန်မာ ဘက်က ယင်းကဲ့သို့တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

‘‘ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အခြေအနေကြောင့် ထွက်ပြေး တိမ်းရှောင်နေတဲ့ ဒုက္ခသည်လို့ ကျွန်တော်တို့မမြင်ဘူး။ ဒါတွေက ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ကျွန်တော်တို့ရှိနေတဲ့ တ ချို့လူတွေကို မလေးရှား၊ အင်ဒို တို့ကို ပို့ဆောင်ဖို့လုပ်တဲ့ လူမှောင် ခိုကူးတဲ့ကိစ္စ၊ လူကုန်ကူးတဲ့ကိစ္စ ရဲ့ အကျိုးဆက်တွေလို့မြင်ပါ တယ်။ နိုင်ငံတကာမိသားစုအဖွဲ့ ၀င်ဖြစ်တဲ့အတွက် ဒီလူကုန်ကူးမှု ကို ဖြေရှင်းဖို့ ဒေသတွင်းနိုင်ငံတ ကာအဖွဲ့တွေနဲ့ ပူးပေါင်းဆောင် ရွက်သွားမှာဖြစ်ပါတယ်’’ဟု ၀န် ကြီးဦးရဲထွဋ်က အစည်းအဝေးပြီး တွင် သတင်းထောက်များအားဖြေကြားခဲ့သည်။

မည်ကဲ့သို့ဆောင်ရွက်မည် ဆိုသည်ကိုမူ နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ဆွေးနွေးမည်ဟုဆို သည်။

မြန်မာနိုင်ငံသားဟုပြောပြီး ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီး ရှားနိုင်ငံများသို့ ရောက်နေသူ အားလုံးကို မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စစ်ဆေးမည်။ မြန် မာနိုင်ငံသားမှန်ကန်ကြောင်း အ ထောက်အထားပြနိုင်လျှင် သက် ဆိုင်ရာနေရာများသို့ ခေါ်ယူရန် ဆောင်ရွက်မည်ဟု မြန်မာအစိုးရ ၀န်ကြီးများက ရပ်တည်ဆွေးနွေး ခဲ့သည်ဟုဆိုသည်။

တနင်္လာနေ့အစည်းအဝေး တွင် အမေရိကန်၊ ဗြိတိန်၊ အင်ဒို နီးရှား၊ မလေးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် အစရှိသည့်နိုင်ငံများ၏ သံအမတ်များက ဘင်္ဂါလီရွှေ့ ပြောင်းမှုအကြောင်း ဆွေးနွေးသလို မြန်မာ့မဟာမိတ်နိုင်ငံကြီးများ ဖြစ်သည့် တရုတ်နှင့်ရုရှားသံအမတ်များကပင် ယင်းအကြောင်း ပြောကြားခဲ့ကြကြောင်း သတင်း ရရှိသည်။

ငြိမ်းငြိမ်းပြည့် - 7day daily
Previous
Next Post »
Powered by Blogger.