ကလေးများကို တတ်အောင် မသင်ဘဲ အတန်းတင်ပေးခဲ့မှု များကြောင့် အခြေခံ ပညာရေး အရည်အသွေး ကျဆင်း


သင်ကြား တာဝန်ယူသည့် ကျောင်းဆရာ/ဆရာများ အနေဖြင့် ကလေးများကို တတ်အောင် မသင်ဘဲ အတန်းတင်ပေး ခဲ့သည့် အခြေအနေများ ရှိခဲ့ သောကြောင့် ကလေးများ၏ တတ်မြောက်မှု အရည်အသွေး ကျဆင်းစေကာ အခြေခံ ပညာရေး အရည်အသွေး ကျဆင်းစေခြင်းမျိုး ကြုံတွေ့ ခဲ့ရ ကြောင်း ပညာရေး ၀န်ကြီး ဌာနမှ ဒုတိယ ၀န်ကြီး ဒေါက်တာ ဇော်မင်းအောင်က ပြောသည်။ ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်း အဝေးတွင် စတုတ္ထတန်းနှင့် အဌမတန်းတို့ ၏ ပညာ အရည်အချင်း စစ်ဆေးခြင်းသည် မြန်မာနိုင်ငံ တ၀ှမ်းလုံးရှိ ကျောင်းသား/ကျောင်းသူ များ၏ ကြိုးစား အားထုတ်မှုကို တိုးတက်စေပြီး ပညာရေး စနစ် မြှင့်တင်ရေး အတွက် အထောက်အကူပြု/မပြု သိရှိ လိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍ ပညာရေး ဒုတိယ၀န်ကြီးက ပြန်လည် ရှင်းလင်း ဖြေကြားရာတွင် ပြောကြားခဲ့သည်။

အရင်က စာမေးပွဲ ဗဟိုပြုတဲ့ စနစ်ကို ကျင့်သုံးခဲ့ တာကြောင့် စာမေးပွဲ ကျရှုံးတဲ့ နှစ်ကျ ကျောင်းသူ/ကျောင်းသားများ အတန်းလိုက်ရှိ ခဲ့ပြီး၊ စာမေးပွဲကျရှုံးမှုနှင့် အတူ ကျောင်းထွက်တဲ့ ကျောင်းပြင်ပရောက် ကလေးများ အလွန်များပြားခဲ့ပါတယ် ဟု ပညာရေး ဒုတိယ၀န်ကြီးက ဆိုသည်။ ပညာရေး ၀န်ကြီးဌာန အနေဖြင့် ထိုကဲ့သို့ ကိစ္စရပ်များ မဖြစ်စေရန် အတွက် စဉ်ဆက်မပြတ် အကဲဖြတ်ကာ ဆောင်ရွက်ခဲ့ ခြင်းကြောင့် ကျောင်းထွက်နှုန်း များလျော့ကျခြင်း၊ ကျောင်းပြီးဆုံးမှု နှုန်းများ မြင့်တက်လာ ခဲ့ကြောင်း ပညာရေး ၀န်ကြီး ဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာ ဇော်မင်းအောင်က ပြောသည်။

ထို့ပြင် အခြေခံပညာ အရည်အသွေး မြင့်မားရေးသည် အခြေခံပညာ ဆရာ/ ဆရာမများ၏ သင်ကြားမှု အရည်အသွေး ပေါ်တွင် တည်မှီလျက် ရှိပြီး မူလတန်း အဆင့် နောက်ဆုံးတန်း ဖြစ်သည့် စတုတ္ထတန်းနှင့် အလယ်တန်း အဆင့် နောက်ဆုံးတန်း ဖြစ်သည့် အဌမတန်း အဆင့် စာမေးပွဲ များကို ကျင်းပ၍ ကျောင်းသား/ကျောင်းသူများ ၏ တတ်မြောက်မှု အရည်အသွေးကို စိစစ်ကာ လိုအပ်သလို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် အတွက် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် မှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ် ကစပြီး မူလတန်း အဆင့် စတုတ္ထတန်း အဆင့် အဌမတန်းတို့မှာ နိုင်ငံတော် အဆင့် စာမေးပွဲများကို ကျင်းပပြီး၊ သက်ဆိုင်ရာ ကျောင်း အုပ်များ၊ သင်ကြားရေး တာဝန်ယူ ရတဲ့ ဆရာ/ဆရာမများ အနေနဲ့ အတန်းလိုက် အရည်အသွေးမီ သင်ကြားရေး လုပ်ငန်းများကို ပိုမို အလေးပေးပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်စေပါတယ် ဟု ပညာရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီးက ပြောသည်။

ပညာရေးဝန်ကြီးဌာန အနေဖြင့် အခြေခံ ပညာအဆင့်တွင် စစ်ဆေး အကဲဖြတ်မှု စနစ်ကို နှစ်စဉ် အတန်းတင် စာမေးပွဲ စစ်ဆေး၍ အတန်း တင်ပေးသည့် စာမေးပွဲ ဗဟိုပြုသည့် စစ်ဆေးအကဲဖြတ်သည့် စနစ်မှ စဉ်ဆက်မပြတ် အကဲဖြတ်၍ အတန်းတင်ပေးသည့် စနစ်ကို ၁၉၉၈ ခုနှစ်မှ စတင် ကာ ကျင့်သုံးခဲ့ကြောင်း သိရသည်။

messenger
Previous
Next Post »
Powered by Blogger.