ဖုန်းငွေဖြည့်ရင် အခွန်ပေးဆောင်ရမည်



ဇွန် ၁ ရက်မှစပြီး ဖုန်းငွေဖြည့်ခြင်းမှ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံတော့မှာ ဖြစ်ပါတယ်။

ဒီကနေ့ မေလ ၁၈ ရက်နေ့ နေပြည်တော်မှာ ဆက်သွယ်ရေး ဝန်ကြီးရုံးတွင် မွန်းလွဲ ၂ နာရီမှာ ကျင်းပတဲ့ Commercial Tax Implementation Press Conference မှာ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

ဧပြီလ ၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က ပြဌာန်းလိုက်တဲ့ အခွန်ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန်ကို ပြင်ဆင်လိုက်တာဖြစ်ပြီး ဖုန်းသုံးစွဲသူတွေအနေနဲ့ ဖုန်းငွေဖြည့်ရင် ၅ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမှာပါ။

လက်ရှိ အော်ပရေတာတွေလည်း ဒီနှုန်းအတိုင်းပေးရမှာဖြစ်ပြီး ဇွန်လ ၁ ရက်နေ့မှာ စတင် ကောက်ခံမှာပါ။

DVB
Previous
Next Post »
Powered by Blogger.