မည်သည့် ကွန်ပျူတာတွင်မဆို Chrome OS အသုံးပြုနိုင်မည့် Chromebit ကို Google မိတ်ဆက်


Google သည် Chrome laptop များနှင့် မည်သည့် laptop, desktop ကွန်ပျူတာတွင်မဆို Chrome operating system အသုံးပြုနိုင်မည့် Chromebit ထုတ်ကုန်တို့ကို မိတ်ဆက်ခဲ့သည်။

Google ၏ မိုဘိုင်း operating system ဖြစ်သည့် Android သည် phone နှင့် tablet များတွင် နာမည် အကျော်ကြားဆုံး ဆော့ဖ်ဝဲ ဖြစ်သော်လည်း ကုမ္ပဏီအနေဖြင့် laptop နှင့် desktop ကွန်ပျူတာများတွင် အသုံးပြုနေသော Chrome OS အား သုံးစွဲမှု တွင်ကျယ်လာစေရန် အားစိုက်လုပ်ဆောင်လျက်ရှိသည်။


ယခုအခါ Google က မိတ်ဆက်ခဲ့သည့် flash drive ထက် အရွယ်အစား အနည်းငယ်ကြီးမားသော Asus Chromebit ကို ကွန်ပျူတာရှိ HDMI ဗွီဒီိယို port ဖြင့်ချိတ်ဆက်ပြီး Chrome OS ကို အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့နောက် Google ၏ Chrome operating system မှတစ်ဆင့် Chrome browser အသုံးပြုခြင်း၊ Gmail စစ်ဆေးခြင်းနှင့် YouTube တို့ကို အသုံးပြုနိုင်သလို Wi-Fi ချိတ်ဆက်မှုများလည်း အသုံးပြုနိုင်သည်။ အဆိုပါ ထုတ်ကုန်ကို ဒေါ်လာ ၁၀၀ ခန့်ဖြင့် ရောင်းချသွားမည် ဖြစ်ပြီး နွေရာသီ၌ ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Google သည် laptop ကွန်ပျူတာနှင့် tablet အနေဖြင့် အသုံးပြုနိုင်သော သတ္တုဖြင့် ဖန်တီးထား သည့် Asus Chromebook Flip အား ကန်ဒေါ်လာ ၂၄၉ ဖြင့်ရောင်းချသွားမည်ဟု ကြေညာခဲ့သည်။ ဆက်လက်ပြီး Google သည် Hisense နှင့် Haier တို့မှ ထုတ်လုပ်ထားသော laptop သစ်နှစ်မျိုးကိုလည်း မိတ်ဆက်ခဲ့သေးသည်။ 

ထိုကုမ္ပဏီများ၏ ကန်ဒေါ်လာ ၁၄၉ တန်ဖိုးရှိ Chromebook များမှာ ပညာရေးဈေးကွက်အတွက် ထုတ်လုပ် ထားခြင်း ဖြစ်ပြီး Google ၏ online store တွင် ကြိုတင်မှာယူမှုများ ပြုလုပ်နိုင်ပြီဖြစ်သည်။ အဆိုပါ ထုတ်ကုန်များအားလုံးသည် Google က ၎င်းတို့၏ Chrome OS အားသုံးစွဲသူများအသုံးပြုလာရန် Gmail နှင့် Google Docs ကဲ့သို့ software ထုတ်ကုန်များကို တိုးတက်အောင် လုပ်ဆောင်ထားသည်။

 ထို့အပြင် Google သည် စာသင်ခန်းထဲရှိ ကျောင်းသားများအပါအဝင် ဖွံ့ဖြိုးဆဲဈေးကွက်ဖြစ်သော အိန္ဒိယနှင့် ထိုင်းနိုင်ငံရှိလူများစွာက Chromebook များအသုံးပြုလာကြရန် ရည်မှန်းထားသည်။ ရှေ့လာမည့် လအနည်းငယ်အတွင်း Chromebook ထုတ်ကုန်သစ် ၁၀မျိုး ထွက်ရှိလာမည်ဖြစ်ကြောင်း Google ကပြောကြားခဲ့သည်။

စိုးထက် - internetjournal
Previous
Next Post »
Powered by Blogger.