၅၁ နှစ်မြောက် သျှမ်းပြည်တပ်မတော် ထူထောင်ရေးနေ့ ဝမ့်ဟိုင်းဌာနချုပ်၌ ကျင်းပ


၅၁ နှစ်မြောက် သျှမ်းပြည်တပ်မတော် မွေးနေ့အား သျှမ်းပြည်တပ်မတော် SSPP/SSA ဌာချုပ် သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့၌ ကျင်းပရာ ကေဒါ စစ်သည် နှင့် ဒေသခံ လူထု အင်အား နှစ်ထောင်ကျော် တက်ရောက်ခဲ့ပါသည်။

၂၀၁၅ ဧပြီ ၂၄ ရက် ၌ ကျရောက်သည့် ၅၁ နှစ်မြောက် သျှမ်းပြည်တပ် မတော် မွေးနေ့အား သျှမ်းပြည်တပ်မတော် SSPP/SSA နာယက ဒုတိယ ဗိုလ်ချုပ်ကြီးဆေထဲန်၊ ဉက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ပန်ဖှ၊ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း နှင့်အတူ အရာရှိ စစ်သည်တော်များ၊ တန့်ယန်း၊ မိုင်းရယ်၊ မိုင်းရှူး၊ ကျေးသီး၊ လားရှိုး ၊ သီ ပေါမြို့နယ် အတွင်းရှိ ဒေသခံလူထု များ တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် နာယက ဒုတိယ ဗိုလ်ချုပ်ကြီးဆေထဲန် က အဖွင့် အမှာစကား ပြောကြား ဖွင့်လှစ်သည်။

“မိမိကံကြမ္မာကို မိမိဘာသာမိမိဖန်တီးနိုင်ဖို့၊ တန်းတူအခွင့်အရေးရဖို့ သျှမ်းပြည်တပ်မတော်က မွေးဖွားလာတာဖြစ်တယ်၊ ဒါ့ကြောင့် မိမိ တိုင်းပြည်ကို မတရား အုပ်ချုပ် ဗိုလ်ကျနေတဲ့ လူတစုကို တိုက်ထုတ်ဖို့ လက်နက်ဆက်ကိုင်ထားရမယ်။ ဒါ့ကြောင့် ကေဒါတပ်သားတွေ၊ လူထုတွေ လက်တွဲခိုင်မြဲမှ လိုရာပန်းတိုင်ဆီကို အရောက်လျှောက်လှမ်းနိုင်မယ်” - ဟု အခမ်းအနား၌ ဒုတိယ ဗိုလ်ချုပ်ကြီးဆေထဲန်က ပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဆိုင်ကလည်း ၁၉၄၇ ပင်လုံ ကတိ ကဝတ်(ပင်လုံစာချုပ်)၊ ၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြောင်း၊ ယနေ့ခေတ်အထိ သျှမ်းပြည် တပ် မတော် ဖြတ် သန်းလာရသည့်သမိုင်းကြောင်း၊ လက်ရှိဖြစ် ပွားနေ သည့်တိုက်ပွဲ အခြေ အနေ၊ တည်ဆောက်နေသည့် ငြိမ်းချမ်းရေး အခြေအနေများ ရှင်းပြခဲ့ကြောင်း တက်ရောက်ခဲ့သည့် ကျေးသီးသား တဦးကပြောပြောသည်။

သျှမ်းပြည်တပ်မတော် SSA ကို မြန်မာနိုင်ငံ၏ပထမဆုံး သမ္မတ ယောင်ဟွေ့(ညောင်ရွှေ) စော်ဘွားကြီး စဝ်ရွှေသိုက်၏ ဇနီး မဟာဒေဝီ စဝ်နန်းဟိန်းခမ်းက ဦးဆောင်ပြီး ၁၉၆၄ ခုနှစ် က စတင်ဖွဲ့ စည်းခဲ့ ပါသည်။ တပ်မတော်ကို နိုင်ငံရေးမူဝါဒဖြင့် ဦးဆောင်နိုင်ဖို့ သျှမ်းပြည် တိုး တက်ရေးပါတီ SSPP ကို (မဟာဒေဝီ စဝ်နန်းဟိန်းခမ်း၏သား) စဝ်စန့်ယောင်ဟွေ့ က ၁၉၇၁ တွင်ဖွဲ့စည်းသည်။ ထိုအချိန်မှစ၍ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဟု အမည်တွင်လာခဲ့သည်။

သျှမ်းသံတော်ဆင့်
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.