၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ ည ၁၁ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၄၇/၇)နှင့် (၁၄၈/ဝ)ကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဇီးပင်သာ အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ တောင်ငူမြို့နယ်၊ ကြို့ကုန်းကျေးရွာနေ ဆန်းလင်းဦး(၂၁)နှစ် မောင်းနှင်လာသည့် ကျွဲလှည်းသည် လမ်းအနောက်ဘက်မှ အရှေ့ဘက်သို့ ဖြတ်ကူးစဉ် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ပဲခူးတိုင်းဒေသကြီး၊ ဇေယျဝတီမြို့နေ ဦးတင်ထွန်း(၅၉)နှစ် မောင်းနှင်လာသော 3E/xxxx TOWN ACE အဖြူရောင်ယာဉ်က ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိုက်မိ မှုကြောင့် TOWN ACE အဖြူရောင်ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ကျွဲလှည်း ပေါ်ပါ ကြို့ကုန်းကျေးရွာနေ အေးလွင်(၄၂)နှစ်တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် အမြန်လမ်းပေါ်တွင် မောင်းနှင်ခွင့်မရှိသော ကျွဲလှည်းကိုမောင်းနှင်သူ ဆန်းလင်းဦးအား ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၆/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၂ဝ၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
Sign up here with your email
ConversionConversion EmoticonEmoticon