သင်္ကြန်အကြိုနေ့ဖြစ်သော ဧပြီ ၁၄ ရက်နှင့် သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီ ၁၅ ရက်များတွင် ဖြူးမြို့နယ်၊ အုတ်တွင်းမြို့နယ်များ၌ ရေပက်ခံ ထွက်လာရင်း ဆိုင်ကယ်တိုက်မိမှု ကြောင့် လူငယ်သုံးဦး သေဆုံးခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၁၄ ရက် ညနေ ၅ နာရီခန့်က အုတ်တွင်းမြို့နယ် ဥယျာဉ်တော်ကျေးရွာအုပ်စု ညောင် ကြပ်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် ၁၆၉/၆ တွင် တောင်မှမြောက်သို့ ကျော်စွာ ဝင်း(၂၄ နှစ်) ပဲခူးလမ်းရပ်ကွက် အုတ်တွင်းမြို့နေသူ မောင်းနှင်ပြီး နောက်မှ တစ်ရပ်ကွက်တည်းနေ ရန်နောင် (၂၄နှစ်)၊ မျိုးဝင်းနိုင်(၂၈ နှစ်) တို့ လိုက်ပါစီးနင်းလာသော ကန်ဘို ၁၁ဝ လိုင်စင်မဲ့ဆိုင်ကယ်ကို မြောက် မှတောင်သို့ သန့်ဇင်အောင် (၁၉ နှစ်) မဲကုန်းရပ်ကွက် အုတ်တွင်း မြို့ နေသူမောင်းနှင်ပြီး နောက်မှ တင်စိုး လင်း(၂၂)နှစ်၊ ကသစ်တန်း ရပ်ကွက် အုတ်တွင်းမြို့နေသူ လိုက်ပါ စီးနင်းလာသော ကန်ဘို ၁၁ဝ (လိုင်စင် မဲ့)ယာဉ်မှ တစ်ဖက်ယာဉ် ကြောကို ရောက်ရှိပြီး ဝင်ရောက် တိုက်မိခဲ့ရာ ကျော်စွာဝင်းမှာ ဒဏ်ရာ များဖြင့် အခင်းဖြစ်နေရာတွင် ပွဲချင်း ပြီးသေဆုံး၍ ကျန်သူများ စိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သည်။
ထိုနေ့ မွန်းလွဲ ၁၂ နာရီခွဲက ဖြူးမြို့နယ် ညောင်ပင်သာနယ်မြေရဲစခန်းအပိုင် ဇဟားကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၁၃၈/၇) နှင့် (၁၃၉/ဝ) အနီးတွင် ကားလမ်းအတိုင်း တောင်မှမြောက် သို့ မျိုးကိုနိုင် (၂၃ နှစ်) ကြက်ပေါင် ချောင်းကျေးရွာ ဇေယျဝတီမြို့နေသူ မောင်းနှင်ပြီး ဂိုဒီ(ခ)သန့်ဇင်အောင် (၂၅ နှစ်) ရွှေစေတီရပ်ကွက် ဇေယျ ဝတီမြို့နေသူနှင့် မျိုးဇော်အောင် (၂၅ နှစ်)တို့ သုံးဦးသည် သင်္ကြန် ရေပက်ခံထွက်ရင်း ဆိုင်ကယ်ပေါ် တွင် ခုန်ဆော့ကစားရာမှ ရေလောင်း သူတစ်ဦးကို ပွတ်တိုက်မိပြီး တိမ်း မှောက်သွားခဲ့သည်။ ဆိုင်ကယ် တိမ်းမှောက်မှုကြောင့် ဂိုဒီ(ခ)သန့်ဇင်အောင်မှာ ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့သည်။
ဧပြီ ၁၅ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် အ မှတ် (၁၆၈/၂) နှင့် (၃)အကြား မှော်ရောတံတားအနီးတွင် ကားလမ်း အတိုင်းတောင်မှမြောက်သို့ အောင် မျိုးသူ(၃ဝ နှစ်) မြို့စိုးကျေးရွာ ထန်း တပင်မြို့နယ်နေသူ မောင်းနှင်ပြီး နောက်တွင် တစ်ရွာတည်းနေ အောင်ကိုလတ်(၂ဝ နှစ်)တို့ လိုက်ပါ လာသော လော့ဂျာ ၁၁ဝ (ယာဉ် နံပါတ်မပါ)နှင့် မျက်နှာချင်းဆိုင် ဘက်မှ လူဇော်(၃၅ နှစ်) ရှမ်းအေရပ် နေပြည်တော်နေသူ မောင်းနှင်သည့် လော့ဂျာ ၁၁ဝ ၄၂ယ/--- ဆိုင်ကယ် တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ အောင်မျိုးသူနှင့် လူဇော်တို့နှစ်ဦးမှာ ရရှိထားသော ဒဏ်ရာ များကြောင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း သိရသည်။
ကိုလွင်(ဆွာ) - Myanmaalinn
Sign up here with your email
ConversionConversion EmoticonEmoticon