မြေအောက် နျူစက်ရုံ တည်ဆောက်နိုင်လို့ အင်ဒိုဆို


အင်ဒိုနီးရှားနိုင်ငံမှာ ​၁၀ ​နှစ်အတွင်း ​မြေအောက်မှာ ​နျူကလီးယား ​စက်ရုံ ​တည်ဆောက်နိုင်တယ်လို့ ​အင်ဒိုနီး ရှား ​အစိုးရက ​ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ​လူဦးရေ ​သန်းပေါင်း ​၂၅၀ ​ရှိပြီး ​ကမ္ဘာပေါ်မှာ ​စတုတ္ထမြောက် ​လူဦးရေ ​အများဆုံး ​နိုင်ငံ ​ဖြစ်ပါတယ်။

အဲလောက် ​များတဲ့ ​လူဦးရေကို ​စွမ်းအင်တွေ ​လုံလုံလောက်လောက် ​ဖြန့်ဝေပေးဖို့ ​ရုန်းကန်နေရတာဖြစ် ပါတယ်။

ဒါကြောင့် ​မြေအောက်မှာ ​နျူကလီးယား ​စွမ်းအင်စက်ရုံကို ​၁၀ ​နှစ်အတွင်း ​တည်ဆောက်ဖို့ ​အစိုးရက ​စဉ်း စားထားပါတယ်။

ဒါပမယ့် ​အင်ဒိုနီးရှားနိုင်ငံမှာ ​နျူကလီးယား ​စက်ရုံ ​တည်ဆောက်မယ့် ​ကိစ္စကို ​ဆန့်ကျင်မှုတွေ ​ရှိနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ​မြေငလျင် ​ကြော ​သုံးခုပေါ်မှာ ​တည်ရှိနေတာကြောင့် ​ငလျင်ဒဏ်ကို ​မကြာခဏ ​ခံ ရလေ့ရှိပါတယ်။

ဒါကြောင့် ​မြေအောက်မှာ ​နျူကလီးယား ​စွမ်းအင်စက်ရုံထားရှိတာက ​အလုံခြုံဆုံးပဲ ​ဖြစ်မယ်လို့ ​ဒုသမ္မတက ​ပြောပါတယ်။

ဂျားဗားကျွန်းပေါ်က ​Gunung ​Muria ​ဒေသရဲ့ ​မြေအောက်မှာ ​တည်ဆောက်ဖို့ ​သင့်တော်မယ်လို့လည်း ​အင် ဒိုနီးရှား ​အစိုးရက ​ပြောကြောင်း ​George ​Roberts ​က ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia
Previous
Next Post »
Powered by Blogger.