ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်တွင်း ဖဲချပ်ကစားခဲ့တဲ့တရုတ်ခရီးသွားတွေကြောင့် အာ ဏာပိုင်နဲ့ပြည်သူများအကြား အငြင်းပွားပြစ်တင်မှုများဖြစ်ခဲ့


နိုင်ငံခြားခရီးသွားဧည့်သည်တွေ စိတ်ဝင်တစားသွားရောက်လည်ပတ်ကြတဲ့ ထိုင်းနိုင်ငံ ဟာဆိုရင် သူ့ရဲ့နိုင်ငံတွင်းသို့လာရောက်လည်ပတ်ကြတဲ့ အာရှတွင်းဒေသနိုင်ငံတွေ ထဲက ခရီးသွားတွေကြားမှာ နိုင်ငံရဲ့ရိုးရာယဉ်ကျေးမှု၊ ဓလေ့စရိုက်နဲ့မကိုက်ညီလောက် အောင် အပြုအမူကြမ်းတမ်းရိုင်းစိုင်းတတ်တဲ့ တရုတ်ခရီးသွားတွေကို အမြဲတစေစောင့် ကြည့်နေရတဲ့အနေအထား တဖြည်းဖြည်းနဲ့ ပိုမိုတင်းကြပ်လို့လာနေခဲ့ပါ
တယ်။ ဒီလိုမျိုး အခြေအနေတွင်း မကြာသေးမီက အင်တာနက်စာမျက်နှာမှာ ပျံ့နှံ့သွားခဲ့တဲ့ဓာတ်ပုံ ကြောင့် ထိုင်းနိုင်ငံတွင်း ပြည်သူတွေနဲ့ အာဏာပိုင်တွေ အကြားမှာအငြင်းပွားဖွယ်ရာ တွေဖြစ်သွားခဲ့ပါတယ်။

အဲ့ဒီဓာတ်ပုံအကြောင်းအရာကတော့ မြို့တော်တွင်းကနေ အာရှ၊ ဥရောပနဲ့ အနောက် နိုင်ငံတွေကိုကူးသန်းသွားလာနိုင်တဲ့ အချက်အချာ လေဆိပ်တစ်ခုဖြစ်တဲ့ သုဝဏ္ဏဘူမိ လေဆိပ်တစ်ခုမှာပဲဖြစ်ပါတယ်။ လေယာဉ်ထွက်ခွာဖို့လေဆိပ်မှာ လာရောက်စောင့် ဆိုင်းနေတဲ့ တရုတ်ခရီးသွားအုပ်စုတစ်ခုက လေဆိပ်လူမြင်ကွင်းမှာပဲ ဖဲချပ်တွေနဲ့ ကစားနေခဲ့ကြတာကို မည်သည့်လုံခြုံရေးအာဏာပိုင်တွေက ဖမ်းဆီးခြင်းမပြုခဲ့တာပဲ ဖြစ်ပါတယ်။

ထို့အတွက် မြို့တော်ပြည်သူတွေက တရုတ်ခရီးသွားတွေအပေါ် ဒေါသအိုးပေါက်ကွဲကြ ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့လည်း အဘယ့်ကြောင့်ဖမ်းဆီးခြင်းကို မပြုရ သလဲဆိုတဲ့ ထင်ကြေးပေးပြစ်တင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး အာဏာပိုင်တွေက ဥပဒေနဲ့ညှိစွန်းရလောက်တဲ့ ပြစ်မှုမျိုးမဟုတ်ကြောင်း၊ အန္တရာယ်ဖြစ် စေနိုင်လောက်တဲ့လောင်းကစားမျိုးမဟုတ်ကြောင်းနဲ့ လေယာဉ်စောင့်
ဆိုင်းနေစဉ်အ တွင်း အပျင်းပြေသဘောမျိုးနဲ့ ကစားခွင့်ပေးထားတာဖြစ်ကြောင်းပြန်လည်ချေပပြောဆို ထားခဲ့ပါတယ်။

ဖိုးသူတော်
Previous
Next Post »
Powered by Blogger.