ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA ဌာန ချုပ်ရှိရာ ပန်ဆန်းမြို့မှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ညီလာခံကို ရက္ခိုင့်တပ်မတော် AA၊ တအာင်း ပလောင် လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ တက်ရောက် မှာဖြစ်တယ်လို့ လက်နက်ကိုင် အဖွဲ့
ခေါင်းဆောင်တွေ က ပြောပါတယ်။
အစိုးရတပ်မတော်က အဲဒီအဖွဲ့ ၃ဖွဲ့ကို ညီလာခံကို မဖိတ် ဖို့ UWSA ထံ အစိုးရက ပြောထားတယ်လို့ သ
အစိုးရတပ်မတော်က အဲဒီအဖွဲ့ ၃ဖွဲ့ကို ညီလာခံကို မဖိတ် ဖို့ UWSA ထံ အစိုးရက ပြောထားတယ်လို့ သ
တင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အစည်းအဝေးကို တက်ရောက် မှာဖြစ်ကြောင်း အကြောင်းပြန်ထားတယ်လို့
ရက္ခိုင့် တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။
"အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝ ဘက်က ကျနော်တို့ ကိုတော့ အကြောင်းပြန်တာတော့မရှိဘူး၊ ကျနော်တို့ တက်
"အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝ ဘက်က ကျနော်တို့ ကိုတော့ အကြောင်းပြန်တာတော့မရှိဘူး၊ ကျနော်တို့ တက်
မယ်လို့တော့ ပြောထားတယ်၊ အကြောင်းပြန် ထားတယ်၊ ကျနော်တို့ ၅ ယောက်လောက်တက်မယ်ဗျ"
AA၊ TNLA နဲ့ MNDAA တို့ကို အစိုးရတပ်မတော်က အမြင်မကြည်လင်တာတွေ ရှိတာကြောင့် မဖိတ်ကြားဖို့ နှုတ်နဲ့ အကြောင်းကြားတာတွေရှိခဲ့တယ်လို့ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က ပြောကြားထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ညီလာခံကို ပန်ဆန်းမြို့မှာ လာမယ့် မေလ ၁ ရက်နေ့ကနေ ၃

ရက်နေ့အထိ ကျင်းပ မှာဖြစ်ပါတယ်။ အဲဒီညီလာခံ မှာ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ တစ်နိုင်ငံလုံး
အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းအပေါ် သုံးသပ်မှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီညီလာခံကို တက်ရောက်ဖို့အတွက် ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ မွန်ပြည်သစ်ပါတီ၊
အဲဒီညီလာခံကို တက်ရောက်ဖို့အတွက် ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ မွန်ပြည်သစ်ပါတီ၊
ရှမ်းပြည်တောင် ပိုင်း တပ်မတော် RCSS/SSA၊ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA၊ NDAA မိုင်းလား အ
ဖွဲ့တွေအပါအဝင် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ကို ဖိတ်ကြားထားပါတယ်။
RFA Burmese
RFA Burmese
Sign up here with your email
ConversionConversion EmoticonEmoticon