Telenor က ၂၀၁၅ ခုနှစ်အတွင်း မိုဘိုင်းဖုန်းဖြင့် ငွေကြေး ဝန်ဆောင်မှု ပေးအပ်မည်ဟုဆို


မိုဘိုင်းဖုန်းဖြင့် ငွေကြေးလွှဲပြောင်းနိုင်မည့် ဝန်ဆောင်မှုကို Telenor က ၂၀၁၅ ခုနှစ်အတွင်း အသုံးပြုနိုင်
အောင် ဆောင်ရွက်နေသည်ဟု Telenor ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

မိုဘိုင်းဖုန်းအသုံးပြု၍ ငွေကြေးလွှဲပြောင်းသည့် ဝန်ဆောင်မှုကို ပြည်တွင်းအတွက် စတင် မိတ်ဆက် ပေး မည်ဖြစ်ပြီး အစီအစဉ်အရ ပြည်ပနိုင်ငံများနှင့်လည်း ငွေကြေးလွှဲပြောင်းခြင်းကို ဆက်လက် ပြုလုပ်နိုင်မည် ဟု သိရသည်။

လက်ရှိအချိန်၌ ဘဏ်များ၏ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုသည် နိုင်ငံလူဦးရေ၏ ၅ ရာခိုင်နှုန်းကိုသာ ၀န်ေ
ဆောင်မှု ပေးအပ်နိုင်သော်လည်း Telenor ၏ မိုဘိုင်းဖြင့် ငွေကြေးလွှဲပြောင်းခြင်း ဝန်ဆောင်မှုသည် နိုင်ငံလူဦးရေ ၅၀ ရာခိုင်နှုန်းကို ၀န်ဆောင်မှုပေးအပ်နိုင်မည်ဟု ခန့် မှန်းထားသည်။

မိုဘိုင်းဖုန်းဖြင့် ငွေကြေးလွှဲပြောင်းခြင်း ဝန်ဆောင်မှုကို Telenor က စတင်မိတ်ဆက်ခြင်း မပြုလုပ်ရသေး
သော်လည်း နိုင်ငံခြားမှ ပြည်တွင်းသို့ ငွေကြေးလွှဲပြောင်းခြင်းကို စမ်းသပ် လုပ်ကိုင်နေပြီဟု Telenor ၏ စီအီးအိုဖြစ်သူ Mr. Petter Furberg က သတင်းထောက်များနှင့် တွေဆုံစဉ် ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံမှ DiGi ဖုန်းလိုင်းနှင့် ထိုင်းနိုင်ငံမှ dtac ဖုန်းလိုင်း အသုံးပြုသူများအနေဖြင့် ပြည်တွင်းရှိ Telenor မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူများထံ ငွေကြေးလွှဲပြောင်းမှုကို ပြုလုပ်နေပြီဟု Telenor Myanmar မှ CEO ဖြစ်သူ Mr. Petter Furber က ပြောသည်။

ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ Telenor သည် ပြည်တွင်းရှိ ရိုးမဘဏ်နှင့် ပူးပေါင်းထား ပြီး ၀န်ဆောင်မှုလုပ်ငန်း ကျယ်ပြန့်စွာ လုပ်ကိုင်နိုင်ရန် ဗဟိုဘဏ်၏ ခွင့်ပြုချက် ကို စောင့်ဆိုင်းနေကြောင်း၊ မိုဘိုင်းဖုန်းကွန်ရက်ကို ကျေးလက်ဒေသအထိ တည်ဆောက်ပြီးစီးသည့်အခါ ဝန်ဆောင်မှု ပေးအပ်နိုင်ရန် အရန်သင့် ပြင်ဆင်ထားကြောင်း သိရသည်။

Telenor ၏ ပြိုင်ဘက် ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သော Ooredoo သည်လည်း ပြည်တွင်း၌ မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သည့် CB Bank နှင့် ပူးပေါင်းမှုများ ပြုလုပ်ထားသည်ဟု သိရသည်။

Internet Journal
Previous
Next Post »
Powered by Blogger.