လွယ်ကူ၍စားရမြိန် သော Bibimbap ( ကိုရီးယားထမင်းသုတ် )





ပါဝင်သော အမျိုးအမည်များ -

- ရှမ်းဆန် (သို့) ဆန် လတ်
-မုန် လာ ဥ နီ
-မုန် လာ ဥုဖြူ
-မှို ဖြူ
-မှို မဲ
-ပဲ ပင် ပေါက်
-သခွားသီး (သို့) Zucchini
-နှမ်းဆီ
-ကြက် ဥ
-နှမ်းခြောက်
-ခ ရမ်း သီး
-Gojujang ( င ရုတ် ဆီ )
-မုန့် ညှင်း စိမ်း (အသေး)
-Lettuce ( ဆ လပ် ရွက် )

ကဲ.. ဒီလောက် ဆို စချက် လို့ ရပြီ။

(၁) အပေါ် တွင် ဖေါ်ပြခဲ့သော မုန်လာဥ နီ ၊ မုန်လာဥ၊မှို ဖြူ၊ ၊မှို မဲ၊ခရမ်းသီး တို ကို (slice cut) လုပ် ပြီး ဆီ ပါး ပါးဖြင့် ကြော် ပါ။တစ်မျိုးစီ ကြော် ရမှာ ဖြစ် ပါသည်။အရသာ နဲ နဲ ထည့် ပါ။ (၇၅) ရာခိုင် နှုန်း ကျက် လျှင် ရပြီဖြစ် ပါသည်။ မုန့် ညှင်းစိမ်း၊ခရမ်း သီး၊Zucchini တို့ အား (Normal cut) (သို့) ပါး ပါး လှီး ပြီး ဆီ ပါးပါး အရသာနဲနဲ ဖြင့်ကြော် ပါ။

(၂ )ပဲ ပင် ပေါက် ကို ရေ နွေး ဖျော် ပြီး ကြက် သွန် ဖြု နဲ နဲ .နှမ်းဆီ ၊ နှမ်းခြောက် ၊ အရသာ နဲနဲ ထည့် ပြီး သုတ် ပါ။

(၃)ထမင်း သုတ် တွင် သူ့ အကြိုက်၊ကို့ယ် အကြိုက် ဆို ၍ အသားနှင့် အသားလွတ် များ ရှိတတ် ကြသည်။ မိမိ ကြိုက် နှစ် သက် ရာ အသားတစ် မျိုးအား ဆီ ပါးပါး အရသာ နဲနဲ ဖြင့် (၉၀) ရာခိုင် နှုန်း ကျက် အောင် ကြော် ပါ။Lettuce (ဆလပ် ရွက်) ကို (Normal cut) လှီး ၍ သတ်သတ်ဖယိထား ပါ ။

ကဲ ချက်ပြီးပြီ ဆိုတော့ ပြင်မယ်.....

(၁) ပန်းကန် လုံးတစ် လုံး ယူလိုက် ပါ။ ပြီးရင်အထဲကို နှမ်းဆီ ပါးပါးလေး အရင် ထည့် ပြီးရင် ထမင်းတစ် ယောက် စာ ကို ပန်းကန် လုံး အသေးထဲ ထည့် ပြီး အခုန က ပန်း ကန် လုံး အကြီင်္း ထဲ ကို ပုံစံလောင်းချ လိုက်ပြီးရင် အခု နက ကြော် ထား တဲ့ မုန်လာဥနီ၊ မုန် လာဥ ဖြူ ၊ ခရမ်းသီး ၊ မှို ဖြူ ၊ မှို မဲ ၊မုန့် ညှင်း စိမ်း ၊ Zucchini ၊ သုတ် ထားတဲ့ ပဲ ပင် ပေါက် ရယ် ၊ အသားတစ်မျိုးမျိုးရယ် ၊ပါးပါး လေး လှီးထားတဲ့ သခွားသီး ရယ်.စသညိ တို့ ကို ထမင်း ၏ ပတ် ပတ် လည် တွင် နေရာချ ပေးလိုက် ပါ ။ ထို့ နောက် ကြက် ဥ တစ် လုံး ကို (Half Fry) လိုက် ပါ ။

ပီး လျှင် ထမင်းအပေါ် က အုပ် ပါ။ ထို့နောက် ပတ် ပတ် လည် နှမ်းဆီ နဲနဲ နှမ်းခြောက် နဲနဲုဖြူး ပြီး Gojujang နှင့် အား ရပါး ရ စားသုံးနိုင်ပါပြီ။ မိမိအိမ်မှာ ပြုလုပ်စားမဲ့သူတွေအတွက်ကတော့ ကျတော်တို့ မြန်မာတို့ ထမင်းသုတ် လုပ်စားသလို ဘဲ အားလုံးစုပေါင်းသုတ်စားနိုင်ပါတယ်။ စားသောက် ဆိုင်ဖွင့်ထားတဲ့သူတွေအတွက်ကတော့ ကျတော်ပြောပြပေးခဲ့သလို ပြင်ဆင်ပြီးရောင်းချနိုင်ပါတယ်။

ဒါတွေက ကျတော် ၂၀၀၉၀န်းကျင်လောက်က ( Korean Restaurant ) မှာပညာသင်ဘ၀နဲ့ လုပ်ခဲ့ရင်းလေ့ လာမှတ်သားမိသလောက်လေးကိုပြန်တင်ပေးလိုက်တာပါ။
အခု ဒီပို့ (စ်) မှာ ပါဝင်တဲ့ ထမင်းသုတ် (photos )တွေကိုတော့Resolution ကောင်းကောင်းနဲ့ ကြည့်စေချင် တဲ့အတွက် (Google )ကနေ မွေနှောက်ပြီးရှာဖွေပေးထားခြင်းဖြစ်ပါတယ်။

ဒီပို့ (စ်) တစ်ခုလုံးမှာ ကျတော် ပေးချင်တဲ့ ( Messages ) လေးကတော့ ဘယ်လိုလွယ်ကူစွာ ချက်ပြုတ်ရ မလဲ ဆိုတာပါဘဲ ။ ပြီးတော့ချက်နည်းကိုလဲအလွယ်အကူဆုံးဖြစ်အောင်ပြန်လည်ပြုပြင်ပေးထားပါတယ်။ကျတော် တို့ လေ့လာခဲ့တုန်းကအကြိမ်ကြိမ်အခါခါ အဆဲခံ ၊ အဆိုခံ နဲ့ ( Chef ) တစ်ယောက်ဖြစ်ဖို့ မလွယ်ကူဖူးဆိုတာ Chef လုပ်နေတဲ့ လူတွေအားလုံးသိမှာပါ။

 ဒီပို့ (စ်) မှာ လိုအပ်နေတာများရှိခဲ့ရင်လည်းဝင်ရောက်ပြုပြင်ပေးနိုင်ပါတယ်။ သင်ဆရာ၊မြင်ဆရာ၊ကြား ဆရာများအားလုံးအား ယခု ဒီပို့ (စ်) လေးနဲ့ ဂါရ၀ပြုလိုက်ပါတယ်။

Nay Pine
Previous
Next Post »
Powered by Blogger.