သရုပ်ပျက်အဝတ်အစားဝတ်ပြီး Sexy Dance ဖြင့် ဖျော်ဖြေသည့် မဏ္ဍပ်များကို ချက်ချင်းပိတ်သိမ်းမည်


၂ဝ၁၅ ခုနှစ် ရန် ကုန်မြို့တော် မဟာသင်္ကြန်ပွဲတော် တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် သရုပ်ပျက်အဝတ်အ စားများဝတ်ဆင်ကာ Sexy Dance ကခုန်ခြင်းများကိုပြုလုပ်ပါက မဏ္ဍပ် အား ချက်ချင်းပိတ်သိမ်းမည် ဖြစ် ကြောင်း မဏ္ဍပ်နေရာချထားရေး ကော်မတီမှ သိရသည်။

''မဏ္ဍပ်တွေအနေနဲ့ ရပ်ရွာအေး ချမ်းသာယာရေးနှင့် တရားဥပဒေစိုး မိုးရေးကို ထိခိုက်စေမှုတွေ၊ မြန်မာ့ ရိုးရာယဉ်ကျေးမှုကို ထိခိုက်စေတဲ့ အပြုအမူအပြောအဆို၊ ဝတ်စားဆင် ယင်ခြင်းတွေကိုပြုလုပ်ပြီး ဖျော်ဖြေ နေတာတွေကိုတွေ့ရှိရင် အဲဒီမဏ္ဍပ် ကို ချက်ချင်းပိတ်သိမ်းသွားမှာဖြစ်ပြီး လျှောက်ထားတဲ့ သက်ဆိုင်ရာမဏ္ဍပ် တာဝန်ခံကိုလဲ နောက်လာမယ့် မဟာ သင်္ကြန်ပွဲတော် နှစ်နှစ်ခွင့်ပြုဆောင် ရွက်ခြင်း ပိတ်သိမ်းသွားမှာဖြစ်ပါ တယ်'' ဟု မဏ္ဍပ်နေရာချထားရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင်နှစ်သင်္ကြန်များတွင် မဏ္ဍပ် အချို့၌ မြန်မာ့ယဉ်ကျေးမှုနဲ့မကိုက် ညီသော သရုပ်ပျက်အဝတ်အစား များကို မိန်းကလေးအချို့ကဝတ်ဆင် ပြီး လူအများ စိတ်ဝင်စားအောင် Sexy Dance ကခုန်ခြင်းများဖြင့် ကပြနေ သောကြောင့် ယခုနှစ်တွင် အဆိုပါ အပြုအမူ၊ ကခုန်ခြင်းများကိုပြုလုပ် ပါက ထိရောက်စွာအရေး ယူသွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသမီးများအနေဖြင့် မဏ္ဍပ် များတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး အများအမြင်တွင် လက်မခံနိုင်သော ဝတ်စားဆင်ယင် ခြင်း စသည့်ဟီရိသြတ္တပ္ပတရားကင်း မဲ့သည့် အဝတ်အစားများဝတ်ဆင် ကပြသီဆိုခြင်းများမပြုရေးကို သက် ဆိုင်ရာမဏ္ဍပ်တာဝန်ခံများက အလေး ထားကြပ်မတ်သွားရမည်ဖြစ်ပြီး နိုင် ငံခြားသားခရီးသည်များစိတ်ဝင်စား ၍ လေ့လာမှတ်တမ်းဓာတ်ပုံ၊ ဗွီဒီယို များရိုက်နေသည်ကိုဂရုပြုပြီး မိမိတို့၏ သရုပ်ပျက်များကြောင့် မိမိနိုင်ငံ၊ လူ မျိုး၊ သိက္ခာမမဲ့စေရန် စည်းကမ်းချက် ထုတ်ထားကြောင်း သိရသည်။

သင်္ကြန်မဏ္ဍပ်များတွင် မြန်မာ့ ယဉ်ကျေးမှုနှင့် မအပ်စပ်သောအမည် များ၊ နိုင်ငံရေးအရိပ်အယောင်မကင်း သောအမည်များ၊ သုံးစွဲခြင်းမပြုရ။ မဏ္ဍပ်၏ နောက်ခံကားချပ်အပြင်အ ဆင်တွင် မြန်မာ့ရိုးရာ အတာသင်္ကြန် ပုံပေါ်သည့် ပန်းချီဒီဇိုင်းများ၊ နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးမှုကိုသရုပ်ဖော်သည့် ပန်းချီကားချပ်များ ထည့် သွင်းရေး ဆွဲနိုင်ပြီး ခွင့်ပြုချက်ရယူထားသည့် မဏ္ဍပ်၏ မြန်မာအမည်ကို စာလုံးအ ဝိုင်းဆိုက် အချင်းရှစ် လက်မ၊ စာလုံး အထူ ၁ ဒသမ ၅ လက်မဖြင့် မဏ္ဍပ် ၏ နဖူးထိပ်စည်းအလယ်တည့်တည့် တွင် ထင်ရှား စွာဖော်ပြရမည် ဖြစ်ပြီး သတ်မှတ်ချက် အတိုင်း ဆောင်ရွက် ခြင်းမရှိပါက ဒဏ်ကြေး ငွေကျပ်ဆယ် သိန်းပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် မဏ္ဍပ်ဆောက်လုပ် ခွင့်ပြုခဲ့သည့်နေရာများမှာ ကန်တော် ကြီးပတ်လမ်းတွင် မဏ္ဍပ်အကြီး ၄၂ ခု၊ ကမ္ဘာအေးဘုရားလမ်းတွင် မဏ္ဍပ် အကြီး ၁၅၂ ခုနှင့် သီးခြားမြို့နယ် နေရာများတွင် မဏ္ဍပ်အကြီးကိုးခု နှင့် မဏ္ဍပ်လတ်တစ်ခု စုစုပေါင်း ၂ဝ၄ ခုကို ဆောက်လုပ်ခွင့်ပြုခဲ့သဖြင့် ယ ခင်နှစ် ထက် မဏ္ဍပ်အရေအ တွက် ၅ဝ ကျော် များပြားခဲ့ကြောင်း သိရ သည်။

TST- ဒီမိုကရေစီတူဒေး
Previous
Next Post »
Powered by Blogger.