ပြင်သစ် သမ္မတ d'Estaing က လီကွမ်ယု ကိုဒီလိုမေးဖူးတယ်။
စင်ကာပူ ဘာကြောင့်အောင်မြင်သလဲ ၊ တခြားနိုင်ငံများကျတော့ ဘာကြောင့် မအောင်မြင်သလဲ ၊ ဘာတွေချို့ ယွင်းနေလို့ လဲ ဆိုပြီး လီကွမ်ယု ကိုမေးတယ်။
လီကွမ်ယု က
အခြေခံအချက် ၃ ချက်ကိုပြောပြတယ်။
၁။ လူထုအသိုင်းအ၀န်းတွင် တည်ငြိမ်မှုရရှိရေး
၂။ အလုပ်ကြိုးစားသော ပြည်သူများအမြဲတစေ အနာဂတ်အတွက် ရင်းနှီးမြှပ်နှံလိုစိတ်ရှိအောင် ပြုလုပ်ပေးရေး၊ အိုစာနာစာ ကြိုတင်၍စုဆောင်းရေး ၊ နောင်မျိုးဆက်အတွက် အရင်းအနှီးပြုရေး
၃။ ပညာရေး နဲ့ အသိပညာ တိုးတက်ဖို့ အတွက် စနစ်ကောင်းတရပ်ဖန်တီးပေးရေး
ဆိုပြီး ဆရာ ဟိန်းလတ်ရဲ့ တတိယကမ္ဘာ မှ ပထမကမ္ဘာသို့ စာအုပ်မှာဖတ်ရတယ်။အဲ့စာအုပ်ဖတ်တုန်းက ၂၀၀၆ လောက်က ဒီအချက်ကို သဘောကျလို့  မှတ်စုစာအုပ်မှာရေးခဲ့ဖူးတာ။ နောက်ပိုင်း Leadership အကြောင်းသင်ရတော့ သူ့  အကြောင်းပိုသိလာသလို ခေါင်းဆောင်မှုစွမ်းရည်ကိုလည်း ပိုပြီး လေးစားမိ တယ်။
နိုင်ငံရေးသမား တွေရဲ့ စံချိန် စံညွန်းနဲ့ ကြည့်ရင်တော့ လီကွမ်ယု ဆိုတာ အာဏာရှင် တစ်ဦးပေပဲမို့ သူ့ ကိုအမွှမ်းတင်တာတွေကို သိပ်ကြိုက်မယ်မထင်ဘူး။ မြန်မာ ပြည်အပေါ်ထားတဲ့သူ့ ရဲ့ သဘောထားက လည်း သူ့ နိုင်ငံအကျိုးသာ သူကြည့်တာမို့  သိပ်တော့မကောင်းလှဘူး။ ဒါပေမယ့် ကိုယ့်အသုံးမကျရင် အသုံးမကျတာပဲမို့  တခြားနိုင်ငံက ကိုယ့်ဆီက မလှိမ့်တပတ် လာအနိုင်ကျင့်သွားရင်တောင် အပြစ်တင်လို့  မရဘူး။
ဒီလူကြီး က ဘာသာတရားကို မကိုင်းရှိုင်းဘူးလို့ သူကိုယ်တိုင်သာပြောတယ်။လူတွေအတွက် စီမံဆောင် ရွက်ပေးရာမှာ စေတနာ ပါလှတယ် ၊ အမြော်အမြင် ကြီးတယ်။ သူ ဖန်တီးပေးခဲ့တဲ့ စင်ကာပူ က သူ့ သား
မြေး တွေအတွက်လည်းအကျိုးရှိသလို ၊ လူတန်းစားအားလုံးကိုလည်း လူ အဆင့်အတန်းမှီအောင် ဖန်တီးပေးထားတယ်။ စင်ကာပူ ၀န်ကြီးချုပ် တစ်ဦးရဲ့ လစာကလည်း လက်ရှိ ကမ္ဘာ့ အမြင့်ဆုံးလို့ ဆိုနိုင် တယ်။
လူဆိုတဲ့ အမျိုးက နိုင်ငံရေး နားလည်သည် နားမလည်သည်ဖြစ်စေ
ခေါင်းဆောင် တွေရဲ့ အုပ်ချုပ်ပုံကို ကြည့်ပြီး မေတ္တာတရားကို ခံစားတတ်တယ်။ တရားမျှတမှု ရှိလား မရှိဖူးလားဆိုတာ သူတို့ အသိစိတ်နဲ့ နှိုင်းယှဉ်ဆုံးဖြတ်တတ်တယ်။
အခု လီကွမ်ယု သေသွားတဲ့ အချိန်မှာ စင်ကာပူမှာ မွေးတဲ့သူတွေကို ၊ စင်ကာပူအခြစိုက် မြန်မာ အပါအ၀င် နိုင်ငံခြားက လာအခြေချသူအတော်များများဟာ ၀မ်းနည်းကြောင်း အနေနဲ့  လီကွမ်ယု ရဲ့ နောက်ဆုံးခရီးကို မျက်ရည်တွေဝေ လိုက်ပါ
ပို့ ဆောင်ပေးကြတယ်။
စင်ကာပူ ရောက်တဲ့ မြန်မာတွေအနေနဲ့ လည်း ကိုယ့်နိုင်ငံ မှာ ပညာနဲ့ အသက်မွေးပြီး ဘယ်လိုမှ လုပ်စားမရလို့  ပြည်ပထွက်လုပ်စားရတာမို့ လီကွမ်ယု ဆိုတာ ထမင်းရှင် မို့  ထမင်းရှင် ကိုကျေးဇူးတင် ၀မ်းနည်းကြောင်းဆိုတာ မဆန်းဘူး။ အဲ့ဒါကို သူများနိုင်ငံခါင်းဆောင် ကိုပဲ တနေကြတယ်ဆိုပြီး သူတို့ ဝါဒ ဖြန့်  ချီရေးစာမျက်နှာတွေမှာလိုက်ရေးနေတာ အလုပ်မဟုတ်ဘူး။
အခု မြန်မာ ပြည်သူလူထု တော်တော်များများက လက်ရှိ အစိုးရပိုင်းက ခေါင်းဆောင်တော်တော်များများကို မေတ္တာမရှိဘူး ၊ မယုံကြည်ဘူးဆိုတာ လုပ်ဆောင်ချက် တွေက အခုထိ စေတနာ ကို မပြနိုင်သေးသလို သမိုင်းကြောင်းကလည်း ပြည်သူကို နှိပ်စက်ခဲ့တာမနည်းပဲကိုး။ တကယ်ခံစားခဲ့ရသူတွေက ဒု နဲ့ ဒေးပဲ။ ကိုယ်မခံစားခဲ့ရဘူးဖူးဆိုရင်တောင် တကယ်ဘ၀ပျက်အောင်ခံစားခဲ့ရတဲ့သူတွေကို ကိုယ်ချင်းစာနား လည်ပေးသင့်တယ်။
အခုထက်ထိလည်း အစိုးရ က ကောင်းစေချင်တဲ့ စေတနာ ရှိလားမေးရင်အရိပ်အယောင်တောင်မတွေ့ ရ ဘူး။ ပြည်သူကို ထမင်းဝအောင်ကျွေးဖို့ စေတနာ ရှိဖို့ နေနေသာသာ သူ့ တို့ အတွက် ဦးနှောက်ပါအဆေး ခံပြီး စစ်တိုက်နေတဲ့ စစ်သားတွေတောင် ဆင်းရဲအတိ ဆိုကတည်းက စေတနာ နဲ့ လုပ်ဆောင်ချက်တွေက အထင်းသားမြင်နေရပြီ။
အာဏာရှင် ချင်းတူတယ်လို့ နှိုင်းယှဉ်ရင်တောင် လီကွမ်ယု လို တရုပ်အဖိုးကြီးက သေတဲ့အထိ စေတနာ အပြည့်ထားသားလို့ သေသွားတဲ့အချိန်မှာလည်း သူ့ စေတနာ သူအကျိုးပေးပြီး ကောင်းမွန်ရာ ဘုံရောက် သွားမှာပဲ။
ပြည်သူကို နှစ်ပေါင်းများစွာ နှိပ်စက်သတ်ဖြတ်ပြီး အုပ်ချုပ်နေတဲ့ နေဆဲ လူတစ်စုကတော့သူ့ တို့ ဘာသာ ဘာ ဘာသာ ကိုးကွယ် ကိုးကွယ် ဂါထာတွေဘယ်လောက်ရွတ်ရွတ် ခိုးယူထားတဲ့ပိုက်ဆံတွေကို ဘယ်လောက်ပြန်လှူပြပြ နောက်ဆုံးတော့ သူ့ ကံအကျိုးပေး နဲ့ သူ တန်ရာ တန်ရာ ကိုသွားကြမှာပဲ။
Nyan Htun Linn ၏ Facebook မှကူးယူဖော်ပြသည်။

Sign up here with your email
ConversionConversion EmoticonEmoticon