နှုတ်ခမ်းမှာ ထိုးထားတဲ့ “ISIS” တက်တူးကြောင့် အလုပ်ရာထူးကနေ ထုတ်ပယ်ခြင်းခံ လိုက်ရတဲ့ အမျိုးသား


အလုပ်သမား တစ်ယောက်ဟာ သူ့နှုတ်ခမ်းမှာ ထိုးထားတဲ့ ISIS တက်တူးကြောင့် အလုပ်ရာထူးကနေ ထုတ်ပယ်ခြင်း ခံလိုက်ရတယ်လို့ သိရပါတယ်။ဒါပေမယ့်လည်း အလုပ်ထုတ်ပယ်ခြင်းခံလိုက်ရတဲ့ နယူယော့ခ်မြို့မှာရှိတဲ့ စတိုးဆိုင် က ၀န်ထမ်း Kirk Soccorso ဟာ သူ့ရဲ့တက်တူးက အကြမ်းဖက်အဖွဲ့ ရဲ့နာမည်ကို ရည်ညွှန်းပြီး ထိုးထားတာ မဟုတ်ကြောင်း အခိုင်အမာ ဆိုခဲ့ပါတယ်။

Soccorso ရဲ့ ပြောဆိုချက်များအရ သူဟာ လွန်ခဲ့တဲ့ ၄ နှစ်ခန့်ကတည်းက ထိုတက်တူးကို ရေးထိုးခဲ့ တာဖြစ်ပြီး ထိုတက်တူးမှာ ထိုအချိန်တုန်းက သူတွဲနေတဲ့ ကောင်မလေးရဲ့ နာမည်ကိုထိုးထား တာဖြစ် တယ်လို့ သိရပါတယ်။ ထိုကောင်မလေးရဲ့ နာမည်ဟာလည်း အီဂျစ်နိုင်ငံ ရာဇ၀င်ထဲက သဘာဝတရားရဲ့ နတ်ဘုရား အမည်ကို အခြေခံ မှည့်ဆိုထားတာဖြစ်တယ်လို့ သိရပါတယ်။
“ဒီအလုပ်ဟာ လစာကောင်းပါတယ်။ ကျွန်တော် အလုပ်ပြန်ရဖို့အတွက် အခွင့်အရေးလေး ရချင်ပါတယ်” လို့ Soccorso ကဆိုပါတယ်။

ဒါ့အပြင် Soccorso ဟာ ISIS ဆိုတဲ့ အကြမ်းဖက် အဖွဲ့နာမည်ဟာ Islamic State of Iraq and Syria ဆိုတဲ့ အဓိပ္ပာယ်မျိုး ရှိနေမှန်း မသိခဲ့ဘူးလို့ အခိုင်အမာ ဆိုထားပါတယ်။

သူ့ရဲ့အလုပ်ရှင်ကတော့ Soccorso ကို အလုပ်မှ ထုတ်ပယ်လိုက်တာဟာ ထို ISIS တက်တူးတစ်ခု တည်းကြောင့်တော့ မဟုတ်ဘူးလို့ သိရပါတယ်။

Trend Myanmar
Previous
Next Post »
Powered by Blogger.