i Phone 6 ကို ရန်ကုန်နှင့် မန္တလေးတွင် တရားဝင်စတင်ရောင်းချ


Wai Yan Electronic မှ အိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများကို တရားဝင်ရောင်းချခွင့်ရရှိပြီးသည့်နောက် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ရန်ကုန်နှင့် မန္တလေးရှိ ဆိုင်ခွဲများ၌ စ တင်ရောင်းချသည်။ စတင်ရောင်းချသည့် အထိမ်းအမှတ်အနေနှင့် ရန်ကုန်ရှိ ပန်းဆိုးတန်း၊ ဗိုလ်အောင်ကျော်နှင့် ကမ္ဘာအေးရှိ ဆိုင်ခွဲများနှင့် မန္တလေးရှိ အရောင်းဆိုင် တို့ တွင် ပထမဆုံးဝယ်ယူသူ ၁ဝ ဦးအား ကျေးဇူးတုံ့ ပြန်သည့်အနေနှင့်တန်ဖိုးကြီး အမှတ်တ ရ လက်ဆောင်များအား ပြန်လည်ပေးအပ်ခဲ့သည်။

လက်ဆောင်များတွင် အော်ရီဒူး၏ One Star အဆင့်ရှိ ဆင်းကတ်လည်း ပါဝင်မည်ဖြစ်ရာ အဆိုပါ ဆင်း ကတ်တွင် ပါဝင်သည့် Package များမှာ သာမန်ဆိုင်များမှ ဝယ်ယူသုံးစွဲပါက တစ်လလျှင် ခြောက်သောင်း ခန့်ကျသင့်မည် ဖြစ်သော်လည်း Wai Yan Electronic တွင် အိုင်ဖုန်းဝယ်ယူ၍လက်ဆောင်ရရှိသည့် ဆင်းကတ်ဖြစ် သည့် အတွက် ယင်း Package ကိုပင် တစ်လလျှင် နှစ်သောင်းနီးပါးခန့်နှင့်အသုံးပြုနိုင် မည်ဖြစ်ကြောင်း TMW Enterprise Co., Ltd မှ Training Manager ဖြစ် သူ က ပြော သည်။

ဝေယံ အီလက်ထရောနစ်မှ တရားဝင်ရောင်းချပေးသည့် ယင်းအိုင်ဖုန်းများမှာ တရားဝင် အာမခံသက် တမ်းတစ်နှစ်ပါရှိပြီး ယင်းအာမခံသက်တမ်းအတိုင်း ဝန်ဆောင်မှုများ ကိုလည်း ဝေယံအီလက် ထရောနစ်၏ ဆားဗစ်စင်တာများမှ ပြုလုပ်ပေးသွားမည်ဟုလည်းသိရသည်။ နောက်ပိုင်းတွင် အိုင်စီးရီးနှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းများအား တရားဝင်ရောင်းချခွင့်ရရှိရန် စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။

KTZO | Popular News
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.