အကြမ်းဖက်မှုများ ရှုတ်ချသည့် ပါဖောမန့် ဆန္ဒဖော်ထုတ်ပွဲ လှည်းတန်းတွင်ပြုလုပ်


အစိုးရ၏ အကြမ်းဖက် မှုကို ရှုတ်ချပြီး ဖမ်းဆီးခံရသည့် ကျောင်းသားနှင့် ၀န်းရံသော ပြည်သူများအား အမြန်ဆုံး ပြန်လွှတ် ပေးရန် ဆန္ဒထုတ်ဖော်သည့် ပါ ဖောမန့်များကို Performance On the Road အဖွဲ့က လှည်းတန်း၌ မတ်လ ၂၈ ရက် နံနက် ၁၀ နာရီကျော်တွင် ပြုလုပ်ခဲ့သည်။

ဆန္ဒဖော်ထုတ်ပွဲပြီးနောက် ဦးဆောင်ပြုလုပ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ပုဒ်မ ၁၈ ဖြင့် တရားစွဲ၍ အာမခံဖြင့် ပြန်လွှတ်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

ပါဖောမန့်ဆန္ဒထုတ်ဖော် ပွဲတွင် ကျောင်းသားကို ရိုက်နှက် ဟန်၊ ဖမ်းဆီးဟန်၊ နှင်းဆီပန်း များကို မှုတ်ဆေးဖြင့် မှုတ်၍ ချ ထားခဲ့ပြီး ငှက်လှောင်အိမ်အတွင်း ထည့်ထားသည့် ဖမ်းဆီးခံကျောင်းသားများ၏ တစ်ဦးချင်းအမည်ကို ရွတ်၍ ပြန်လည်လွတ်မြောက်စေ ရန် တောင်းဆိုခြင်း၊ ကဗျာရွတ် ဆိုခြင်းတို့ကို ပြုလုပ်ခဲ့သည်။

‘‘သာယာဝတီထောင်ထဲမှာ၊ မြင်းခြံထောင်ထဲမှာ ရောက်နေတဲ့ သူငယ်ချင်းတွေ လွတ်မြောက်ဖို့ အတွက်ပါ။ ငှက်လှောင်အိမ်ထဲ က နာမည်တွေကို ထုတ်ပြီးခေါ် တာက ကျောင်းသားတွေကို ကြက်ကလေး၊ ငှက် ကလေးတွေ ကို ဖမ်းသလို ဖမ်းသွားတဲ့အတွက် ရည်ရွယ်ပြီး လုပ်ဖြစ်တာပါ။ နောက်ထပ် ပါဖောမန့်တွေကို လည်း ရန်ကုန်မြို့က လမ်းတွေမှာ ဆက်လုပ်သွားဦးမှာပါ’’ ဟု Perfor-mance On the Road အဖွဲ့မှ ကိုထက်အောင်လင်းက ပြောသည်။

ထို့နောက် ရဲတပ်ဖွဲ့က Per-formance On the Road အဖွဲ့မှ ဦးဆောင်သူ ကိုထက်အောင်လင်းကို ခွင့်ပြု ချက်မရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့သောကြောင့် ပုဒ်မ ၁၈ ဖြင့် အရေးယူမည်ဖြစ်ကြောင်း လာရောက်ခေါ်ဆောင် သွားခဲ့ပြီး ကမာရွတ်မြို့မရဲစခန်းတွင် အမှုဖွင့်ကာ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

‘‘ဆန္ဒပြတာကို ခွင့်ပြုချက် မတောင်းလို့ ပုဒ်မ ၁၈ နဲ့ ထက် အောင်လင်းနဲ့ အဖွဲ့ဆိုပြီးတော့ အမှုဖွင့်လိုက် တယ်။ နောက်တော့ သူ့ကို စစ်ဆေးမေးမြန်းပြီးတော့ ကိုယ်ပိုင်ခံဝန်ကတိနဲ့ အာမခံပေး ပြီးတော့ ပြန် လွှတ်ပေးလိုက် တယ်’’ဟု ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက ပြောသည်။

ဒီမိုကရေစီပညာရေး လှုပ် ရှားမှု ဦးဆောင်ကော်မတီ၏ ပင်မကျောင်းသားသပိတ်စစ် ကြောင်းကို လက်ပံ တန်းမြို့၌ မတ်လ ၁၀ ရက်တွင် ရဲများက အ ကြမ်းဖက်ဖြိုခွင်းခဲ့ပြီး သာယာဝတီထောင်အတွင်း ဖမ်းဆီးခဲ့ သည်။ နောက်ပိုင်းတွင် ရန်ကုန်မြို့အပါ အ၀င် မြို့ကြီးများတွင် လက်ပတ် ဖြူလှုပ်ရှားမှုများ၊ ကန့်ကွက်ရှုတ် ချပွဲများ၊ ၀တ်ပြုဆုတောင်းပွဲများ နှင့် ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ် ခဲ့ကြသည်။

7Day
Previous
Next Post »
Powered by Blogger.