ဓာတ်ပုံ - Khin San Win’s Facebook Page |
အဆိုပါ ဝတ်စုံအတွက် စုစုပေါင်း ရွှေ ၆၂ ကျပ်သားဖြင့် ပြုလုပ်ထားပြီး ကာလတန်ဖိုး ကျပ်သိန်းနှစ်ရာဝန်း ကျင် (ရွှေခြုံလွှာနှင့် ရွှေင်္ကျီရင်ခံအတွက် စုစုပေါင်း ကျပ်သိန်း ၄၀၀ ၀န်းကျင်) ရှိကြောင်း ဒေါ်ဖြူဖြူအောင်က ထပ်လောင်း ပြောကြားသည်။
ယင်း ရွှေခြုံလွှာမှာ ရွှေ ၃၂ ကျပ်သားဖြင့် ပြုလုပ်ထားပြီး ဝတ်ဆင်ထားသည့် အင်္ကျီရင်ခံကို ရွှေ ၃၀ ကျပ် သားဖြင့် ချုပ်လုပ် ဒီဇိုင်းဖော်ထားခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းရှင်းပြသည်။
“ရွှေခြုံလွှာတွေတော့ ငှားပေးပါတယ်။ ရွှေနဲ့လုပ်ထားတဲ့ အင်္ကျီရင်ခံကတော့ ကိုယ်တိုင်းနဲ့ ချုပ်ပေးရတာမို့ မငှားပါဘူး။ ဒီလိုရွှေနဲ့ အင်္ကျီချုပ်တာ ပထမဆုံးပါပဲ” ဟု ၎င်းက ထပ်မံဆိုသည်။
“ဝတ်စုံ ဒီဇိုင်နာကတော့ မျိုးမင်းစိုး၊ အောင်သမာဓိက အော်ဒါမှာထားတဲ့ရွှေနဲ့ ချုပ်ထားတာ။ ခြုံပဝါနဲ့ အင်္ကျီရင် ခံနဲ့က ဝမ်းဆက်ပေါ့၊ တတ်နိုင်တဲ့သူလည်း ဖြစ်တယ်။ ချိတ်အရောင်နဲ့ ဝတ်ထားတဲ့ လက်ဝတ်လက်စားနဲ့ ဝတ်စုံက သိပ်ကို ပနံရတယ်။ ကြိုက်တယ်” ဟု အလှူရှင်ကို မိတ်ကပ်လိမ်းခြယ်ပေးသည့် နာမည်ကျော် မိတ်ကပ်၊ ဒီဇိုင်းပညာရှင် ခင်စန်းဝင်းက ပြောကြားသည်။
မန္တလေးဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၈၇,၀၀၀ ကျပ် ခန့်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
မန္တလေး မြို့တည်နန်းတည် သတ္တဌာန ခုနစ်ဌာနအနက် သုဓမ္မာဇရပ်တော်၊ မဟာပဋ္ဌာန်းဟော ရွှေ သိမ်တော်နှင့် ပိဋကတ်တိုက်တော် တို့နှင့် အခြား သာသနိက အဆောက်အအုံများကို စုစုပေါင်း ကျပ် သိန်းပေါင်း ငါးသောင်းကျော် (၅၃,၁၀၀) အကုန်အကျခံကာ မန်းမြေရာဇာ ကုမ္ပဏီမိသားစု သီရိသုဓမ္မမဏိ ဇောတစရ ဒေါက်တာသုဓမ္မ ဦးကျော်ဝင်း နှင့်ဇနီး သုဓမ္မသိင်္ဂီ ဒေါ်မြင့်မြင့်သန်းတို့က မတ်လ ၂၉ ရက်နေ့ တွင် ရေစက်ချ လှူဒါန်းခဲ့သည်။
Sign up here with your email
ConversionConversion EmoticonEmoticon