လာဘ်ပေးလာဘ် ယူမှု ကျူးလွန်သူ တရားသူကြီး များအပါအ၀င် တရားသူကြီး ၃၈ ဦးအားအမြင့်ဆုံးထောင် ဒဏ် ၁၀နှစ်အပါအ၀င် အခြားအရေးယူမှုများပြုလုပ်ထားကြောင်း ပြည် ထောင်စုတရားလွှတ်တော်ချုပ်တရား သူကြီး ဦးမြင့်အောင်က ပြောသည်။
အရေးယူခြင်းခံရသည့် တရားသူကြီးများအနက် ဟုမ္မ လင်းမြို့နယ် တရားသူကြီးသည် လာဘ်ပေးလာဘ် ယူမှုကျူးလွန်ကြောင်း ပေါ်ပေါက်သည့်အတွက် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အလုပ်နှင့် ထောင် ဒဏ် ၁၀ နှစ်ကျခံစေမှုမှာ အရေး ယူမှုတွင် အမြင့်ဆုံးဖြစ်သည်။
ရေးမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိ မြင့်သန်းက တရားရေးမဏ္ဍိုင် ဖြောင့်မတ်မှန် ကန်ရေးအတွက် တရားသူကြီးများ၏ ဆုံးဖြတ်ချက် များသည် တရားဥပဒေနှင့် ညီ ညွတ်မှုမရှိပါက ၎င်းတို့ အပေါ် တွင် မည်သို့အရေးယူဆောင်ရွက် မည်ကို သိရှိလိုခြင်းနှင့် မည်မျှအ ရေးယူထားကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ မတ်လ၁၂ ရက်က ကျင်းပပြုလုပ်သော ပြည်သူ့လွှတ် တော်တွင် တရားလွှတ်တော်ချုပ် တရားသူ ကြီး ဦးမြင့်အောင်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အထက်ပါထောင်ဒဏ်ပြစ် ဒဏ်များအပြင် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ ရာထူးအဆင့် လျှော့ချခြင်းနှင့် ၀န်ထမ်းစည်း ကမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်း အားဖြင့်လည်း အရေးယူဆောင် ရွက်ခဲ့သည်ဟု ဦးမြင့်အောင်က ပြောကြားသည်။
တရားသူကြီးတစ်ဦး၏ ဆုံး ဖြတ်ချက်သည် ဥပဒေနှင့် ညီညွတ်မှုမရှိလျှင် ၎င်းတို့ ကျူးလွန်ခဲ့သည့်ကိစ္စရပ်၏ အတိမ်အနက်ပေါ်မူ တည်ပြီး ပြစ်မှုကြောင်းအရ တရားစွဲဆိုခြင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ် မ ၅၃ တွင် ပြဋ္ဌာန်း ထားသော ၀န် ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ် ကိုးမျိုးအနက် သင့်လျော်သည့် ပြစ်ဒဏ်ချမှတ်ခြင်းတို့ဖြင့် အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
7 Day
Sign up here with your email
ConversionConversion EmoticonEmoticon