တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာ ဘုတ်ချောင်းရပ် အေးရိပ်သာလမ်းတွင် မတ်လ (၁၂) ရက် မွန်းတည့် (၁၂)နာရီခန့်က ဒေါ်ခင်မြင့် နေအိမ်တွင် ဒေါ်ခင်မြင့်မြေးဖြစ်သူ (၅)နှစ်အရွယ် မသန္တာဦး သည် နေအိမ် နောက်ဖေးခန်း တွင် ဂတ်စ်မီးခြစ်ဆော့ကစားရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြိတ်လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး မောင်မောင်လင်း၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရွှေညာမောင်၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် ခရိုင်မီးသတ် ဦးစီးဌာနမှူး ဦးဇော်ဝင်းဦးစီးလျက် မီးသတ်ယာဉ် (၁၉)စီး၊ ရေသယ်ယာဉ်(၂)စီး၊ လူနာတင်ယာဉ် (၁)စီး တို့ဖြင့် သန္ဓေ+အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပြည်သူများမှ စွန့်စားစွာဖြင့် ငြိမ်းသတ်ခဲ့ကြရာ (၁၂း၂၀) နာရီတွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် လူနေအိမ် ပျဉ်ထောင် ပျဉ်ခင်း သွပ်မိုး(၉)လုံး၊ ဓနိမိုး ဝါးထရံကာ ဝါးခင်း (၃)လုံး စုစုပေါင်း(၁၂)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်းတန်ဖိုး(၃၉၈၄၀ဝ၀ိ)ကျပ် မီးလောင်ရှုံးဆုံးခဲ့သည်။
မီးလောင်မှု ဖြစ်စဉ်တွင် အိမ်ထောင်စု(၁၃)စု ပြည်သူ(၉၅)ဦး မီးဘေးသင့်ခံခဲ့ရ၍ မီးဘေးသင့်ပြည်သူများ အား သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ယာယီကယ်ဆယ်ရေး စခန်းဖွင့်လှစ်ကာ နေထိုင်လျက်ရှိကာ တာဝန် ရှိသူများမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ မီးဘေးသင့်ပြည်သူများထဲတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုနေသူ ကျောင်းသူ(၂)ဦး ပါရှိ၍ စာမေးပွဲ ဆက်လက်ဖြေဆိုနိုင်ရန် တာဝန်ရှိသူ များမှ စာအုပ်များ ရှာဖွေပေးလျက် ရှိသည်။ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားချိန်တွင် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်းမရှိကြောင်း တာဝန်ရှိသူများမှ စစ်ဆေးတွေ့ရှိရပြီး မီးလောင်မှုအား မြိတ်မြို့နယ်ရဲတပ်ဖွဲ့ စခန်းတွင် ပ/၁၀၅/၂၀၁၅၊ ပြစ်မှုပုဒ်မ (၂၈၅) ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
MOI Webportal Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon